Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ်တွင် မိုင်းလာရှင်းသည့်စစ်ကောင်စီတ​ပ် မိုင်းနင်းမိပြီး ခြောက်ဦး သေဟုဆို

အခင်းဖြစ်နေရာသည် ရေဦး – ခင်ဦး လမ်းပိုင်းပေါ်တွင်ရှိပြီး နင်းမိုင်း၊တိုက်မိုင်းများမိ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း၊ အလောင်းများအား ချောင်းတံတားမှ စစ်ကောင်စိတပ်သား ၃၀ခန့်က လာရောက် ကောက်ယူသွားခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် KSO အဖွဲ့က ပြောသည်။

ခင်ဦးမြို့နယ်
ခင်ဦးမြို့နယ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မိုင်းလာရှင်းသည့် အကြမ်းဖက်စစ်ကောင်စီတ​ပ် မိုင်းနင်းမိပြီး ခြောက်ဦးသေဆုံးသွားကြောင်း Brother Of Lands Defense Force အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (ဇူလိုင်လ၂၄ရက်) နံနက် ၇နာရီခန့်က ခင်ဦးမြို့နယ်၊ မြင်းဒေါင်း​​ကျေးရွာ စာသင်ကျောင်း ရှေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မိုင်းလာရှင်းရာ မဟာမိတ်များထောင်ထားခဲ့သော မိုင်းများနင်းမိပြီး စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးခဲ့ကြောင်း Brother Of Lands Defense Force အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုစစ်ဆင်ရေးအား BLDF၊ BOB၊ Hero Army Khin-U တပ်ဖွဲ့တို့နှင့် မဟာမိတ်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းတို့က အသိပေးသည်။

Public Service Announcement
Public Service Announcement

အခင်းဖြစ်နေရာသည် ရေဦး – ခင်ဦး လမ်းပိုင်းပေါ်တွင်ရှိပြီး နင်းမိုင်း၊တိုက်မိုင်းများမိ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း၊ အလောင်းများအား ချောင်းတံတားမှ စစ်ကောင်စိတပ်သား ၃၀ခန့်က လာရောက် ကောက်ယူသွားခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် KSO အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ People’s Spring ကထပ်မံ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဇူလိုင် ၂၂ရက် ညနေပိုင်းက မြင်းဒေါင်းရွာအနီးတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား ခင်ဦးမြို့နယ်(ပကဖ)အဖွဲ့ကဦးဆောင်၍ KSOအဖွဲ့အပါအဝင် မဟာမိတ်ဒေသခံကာကွယ်ရေး အဖွဲ့များက နင်းမိုင်း၊တိုက်မိုင်း၊ဆွဲမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄၈ ဦး သေဆုံးကြောင်း KURDAFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။