Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တာမွေ Oceanစင်တာအနီးရှိ ယာဥ်ထိန်းရဲကင်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီဝင်များ ရောက်ရှိလာကာ တာမွေခုံးတံတားအောက် မီးပွိုင့်ထိပ်တွင် စစ်ကားနှစ်စီး ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

(ပြီးခဲ့သည့် မတ်လအတွင်းက တာမွေ Ocean စင်တာအနီး စစ်ကောင်စီဝင်ကားများ ရပ်တန့်၍ စစ်ဆေးမှု ပြုလုပ်နေစဥ် (ပုံအဟောင်း)၊ ဓာတ်ပုံ - CJ)
(ပြီးခဲ့သည့် မတ်လအတွင်းက တာမွေ Ocean စင်တာအနီး စစ်ကောင်စီဝင်ကားများ ရပ်တန့်၍ စစ်ဆေးမှု ပြုလုပ်နေစဥ် (ပုံအဟောင်း)၊ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ တာမွေမြို့နယ် Ocean စင်တာကုန်တိုက်အနီးရှိ ယာဥ်ထိန်းရဲကင်း ကို ယနေ့ (ဇူလိုင် ၂၄) ညနေပိုင်း၌ လက်ပစ်ဗုံးဖြင့် ပစ်ခတ်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Free Fighter Force မြို့ပြပျောက်ကြားတပ်ဖွဲ့က ထုတ်ပြန်သည်။

ယနေ့ ညနေ ၅ နာရီခွဲဝန်းကျင်တွင် တာမွေ ခုံးကျော်တံတားအောက်ဘက် Ocean စင်တာ ကုန်တိုက်အနီးရှိ ယာဥ်ထိန်းရဲကင်းတွင် ဗုံး​ပေါက်မှု ဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှု မရှိကြောင်း ဒေသခံများမှတဆင့် သိရသည်။

” ညနေက တာမွေခုံးတံတားအောက်က ယာဥ်ထိန်းရဲကင်းမှာ ဗုံးပေါက်တာပါ။ ဗုံးပေါက်သံ တစ်ချက်တော့ ကြားလိုက်ရတယ်။ ယာဥ်ထိန်းရဲကင်းက အစောင့်စစ်သားတွေ ဘယ်သူမှ မရှိကြတော့ပါဘူး။ လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ် “ဟု တာမွေမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီဝင်များ ရောက်ရှိလာကာ တာမွေခုံးတံတားအောက် မီးပွိုင့်ထိပ်တွင် စစ်ကားနှစ်စီး ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီဝင်များနှင့် ဝေးရာနေရာတို့၌ ရှောင်ရှားသွားလာကြရန်လည်း Free Fighter Force မြို့ပြပျောက်ကြားတပ်ဖွဲ့က သတိပေးထုတ်ပြန်သည်။

ယမန်နေ့ကလည်း ရန်ကုန်မြို့လယ် ကုန်သည်လမ်းမပေါ် (၃၉)လမ်းနှင့် ဆိပ်ကမ်းသာလမ်းကြား ပန်းဘဲတန်းမြို့နယ် လျှပ်စစ်ရုံးရှေ့ လုံခြုံရေးကင်းတဲ အား မြို့ပြပျောက်ကြားတပ်ဖွဲ့ (Toxic Boys) က ‘နန်းထိုက်အောင်’စစ်ဆင်ရေး အဖြစ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။