Connect with us

Hi, what are you looking for?

သတင်း

တာမွေ Oceanစင်တာအနီးရှိ ယာဥ်ထိန်းရဲကင်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီဝင်များ ရောက်ရှိလာကာ တာမွေခုံးတံတားအောက် မီးပွိုင့်ထိပ်တွင် စစ်ကားနှစ်စီး ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

(ပြီးခဲ့သည့် မတ်လအတွင်းက တာမွေ Ocean စင်တာအနီး စစ်ကောင်စီဝင်ကားများ ရပ်တန့်၍ စစ်ဆေးမှု ပြုလုပ်နေစဥ် (ပုံအဟောင်း)၊ ဓာတ်ပုံ - CJ)
(ပြီးခဲ့သည့် မတ်လအတွင်းက တာမွေ Ocean စင်တာအနီး စစ်ကောင်စီဝင်ကားများ ရပ်တန့်၍ စစ်ဆေးမှု ပြုလုပ်နေစဥ် (ပုံအဟောင်း)၊ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ တာမွေမြို့နယ် Ocean စင်တာကုန်တိုက်အနီးရှိ ယာဥ်ထိန်းရဲကင်း ကို ယနေ့ (ဇူလိုင် ၂၄) ညနေပိုင်း၌ လက်ပစ်ဗုံးဖြင့် ပစ်ခတ်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Free Fighter Force မြို့ပြပျောက်ကြားတပ်ဖွဲ့က ထုတ်ပြန်သည်။

ယနေ့ ညနေ ၅ နာရီခွဲဝန်းကျင်တွင် တာမွေ ခုံးကျော်တံတားအောက်ဘက် Ocean စင်တာ ကုန်တိုက်အနီးရှိ ယာဥ်ထိန်းရဲကင်းတွင် ဗုံး​ပေါက်မှု ဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှု မရှိကြောင်း ဒေသခံများမှတဆင့် သိရသည်။

” ညနေက တာမွေခုံးတံတားအောက်က ယာဥ်ထိန်းရဲကင်းမှာ ဗုံးပေါက်တာပါ။ ဗုံးပေါက်သံ တစ်ချက်တော့ ကြားလိုက်ရတယ်။ ယာဥ်ထိန်းရဲကင်းက အစောင့်စစ်သားတွေ ဘယ်သူမှ မရှိကြတော့ပါဘူး။ လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ် “ဟု တာမွေမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီဝင်များ ရောက်ရှိလာကာ တာမွေခုံးတံတားအောက် မီးပွိုင့်ထိပ်တွင် စစ်ကားနှစ်စီး ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီဝင်များနှင့် ဝေးရာနေရာတို့၌ ရှောင်ရှားသွားလာကြရန်လည်း Free Fighter Force မြို့ပြပျောက်ကြားတပ်ဖွဲ့က သတိပေးထုတ်ပြန်သည်။

ယမန်နေ့ကလည်း ရန်ကုန်မြို့လယ် ကုန်သည်လမ်းမပေါ် (၃၉)လမ်းနှင့် ဆိပ်ကမ်းသာလမ်းကြား ပန်းဘဲတန်းမြို့နယ် လျှပ်စစ်ရုံးရှေ့ လုံခြုံရေးကင်းတဲ အား မြို့ပြပျောက်ကြားတပ်ဖွဲ့ (Toxic Boys) က ‘နန်းထိုက်အောင်’စစ်ဆင်ရေး အဖြစ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် - ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။