Connect with us

Hi, what are you looking for?

သတင်း

အသက်ပေးခဲ့ကြရသော သူရဲကောင်းများအတွက် ထိုက်တန်သည့်တုန့်ပြန်မှုများ စီစဥ်လုပ်ဆောင်သွားမည်ဟု ရန်ကုန်စစ်ဒေသခွဲကြေညာ

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ အာဏာသိမ်း လူသတ်အကြမ်းဖက်စစ်ကောင်စီက မတရားစီရင်မှုဖြင့် သတ်ဖြတ်လိုက်ကြောင်းကို ၎င်းတို့လက်ပါးစေ သတင်းစာက ယနေ့ (ဇူလိုင် ၂၅) ရေးသားထုတ်ပြန်ခဲ့သည်ဟု ဖော်ပြသည်။

ရန်ကုန်စစ်ဒေသခွဲကြေညာ
ရန်ကုန်စစ်ဒေသခွဲကြေညာ

စစ်အာဏာရှင်တော်လှန်ရေးတွင် အသက်ပေးခဲ့ကြရသူများနှင့် ကိုလက်အင်္ဂါ ပေးစပ်ခဲ့ရသော သူရဲကောင်းများအတွက် ထိုက်တန်သည့် လက်တုန့်ပြန် မှုများကို ပိုမိုအားစိုက် စီစဥ်လုပ်ဆောင် သွားမည်ဟု ရန်ကုန်စစ်ဒေသကွပ်ကဲရေးအဖွဲ့ခွဲက ယနေ့(ဇူလိုင် ၂၅)တွင် ကြေညာလိုက်သည်။

မတရားသဖြင့် သေဒဏ်ချမှတ်ခံရပြီး အကြမ်းဖက်စစ်အာဏာရှင်များ၏ လုပ်ထုံးလုပ်နည်းနှင့် မညီသော လုပ် ဆောင်မှုများကြောင့် တိုင်းပြည်အသက်ပေးလှူသွားခဲ့ကြသည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့အပါအဝင် စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်ရင်း အသက်ပေးလှူခဲ့ကြသူများ၊ ကိုလက်အင်္ဂါစွန့်လွှတ်ခဲ့ရသူများနှင့် ဖမ်းဆီးခံထားရသူများအားလုံးကို လေးစားဂုဏ်ယူစွာ ဦးညွတ်အလေးပြုပါသည်ဟု ဖော်ပြသည်။

“သူရဲကောင်းအပေါင်း ကောင်းရာသုဂတိ လားကြပါစေ”ဟု ရန်ကုန်စစ်ဒေသခွဲက တိုင်းပြည် အတွက် အသက်ပေးလှူခဲ့ကြသူများအား ဆုတောင်းစကားဆိုထားသည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ အာဏာသိမ်း လူသတ်အကြမ်းဖက်စစ်ကောင်စီက မတရားစီရင်မှုဖြင့် သတ်ဖြတ်လိုက်ကြောင်းကို ၎င်းတို့လက်ပါးစေ သတင်းစာက ယနေ့ (ဇူလိုင် ၂၅) ရေးသားထုတ်ပြန်ခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် ပြည်သူကို ကြောက်ရွံ့စိတ်ဖြစ်အောင် ခြိမ်းခြောက်ပြခြင်းဖြစ်ပြီး သို့သော် ပြည် သူလူထုက မကြောက်ရွံ့ဘဲ စစ်အုပ်စုအပေါ် ပိုမိုနာကျည်းမုန်းတီးပြီး အမြစ်ဖြတ်ခြေမှုန်းနိုင်သည်အထိ သွေးကြွေးမှာဆွေးနွေးစရာမရှိ ဆိုသည့်အတိုင်း အဆုံးထိတိုက်ပွဲဝင်ရန် ဆုံးဖြတ်ချက်များခိုင်မာအားကောင်းလာစေခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဝမ်းရောဂါကူးစက်မှုဖြစ်ပွားနေချိန် ပူဇွန်တောင်မြို့နယ်မှာ အမည်မသိလူတစ်စုက ကားနဲ့လာပြီး မစင်ထုပ်တွေကို ပစ်ချသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။