Connect with us

Hi, what are you looking for?

သတင်း

အသက်ပေးခဲ့ကြရသော သူရဲကောင်းများအတွက် ထိုက်တန်သည့်တုန့်ပြန်မှုများ စီစဥ်လုပ်ဆောင်သွားမည်ဟု ရန်ကုန်စစ်ဒေသခွဲကြေညာ

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ အာဏာသိမ်း လူသတ်အကြမ်းဖက်စစ်ကောင်စီက မတရားစီရင်မှုဖြင့် သတ်ဖြတ်လိုက်ကြောင်းကို ၎င်းတို့လက်ပါးစေ သတင်းစာက ယနေ့ (ဇူလိုင် ၂၅) ရေးသားထုတ်ပြန်ခဲ့သည်ဟု ဖော်ပြသည်။

ရန်ကုန်စစ်ဒေသခွဲကြေညာ
ရန်ကုန်စစ်ဒေသခွဲကြေညာ

စစ်အာဏာရှင်တော်လှန်ရေးတွင် အသက်ပေးခဲ့ကြရသူများနှင့် ကိုလက်အင်္ဂါ ပေးစပ်ခဲ့ရသော သူရဲကောင်းများအတွက် ထိုက်တန်သည့် လက်တုန့်ပြန် မှုများကို ပိုမိုအားစိုက် စီစဥ်လုပ်ဆောင် သွားမည်ဟု ရန်ကုန်စစ်ဒေသကွပ်ကဲရေးအဖွဲ့ခွဲက ယနေ့(ဇူလိုင် ၂၅)တွင် ကြေညာလိုက်သည်။

မတရားသဖြင့် သေဒဏ်ချမှတ်ခံရပြီး အကြမ်းဖက်စစ်အာဏာရှင်များ၏ လုပ်ထုံးလုပ်နည်းနှင့် မညီသော လုပ် ဆောင်မှုများကြောင့် တိုင်းပြည်အသက်ပေးလှူသွားခဲ့ကြသည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့အပါအဝင် စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်ရင်း အသက်ပေးလှူခဲ့ကြသူများ၊ ကိုလက်အင်္ဂါစွန့်လွှတ်ခဲ့ရသူများနှင့် ဖမ်းဆီးခံထားရသူများအားလုံးကို လေးစားဂုဏ်ယူစွာ ဦးညွတ်အလေးပြုပါသည်ဟု ဖော်ပြသည်။

“ သူရဲကောင်းအပေါင်း ကောင်းရာသုဂတိ လားကြပါစေ” ဟု ရန်ကုန်စစ်ဒေသခွဲက တိုင်းပြည် အတွက် အသက်ပေးလှူခဲ့ကြသူများအား ဆုတောင်းစကားဆိုထားသည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ အာဏာသိမ်း လူသတ်အကြမ်းဖက်စစ်ကောင်စီက မတရားစီရင်မှုဖြင့် သတ်ဖြတ်လိုက်ကြောင်းကို ၎င်းတို့လက်ပါးစေ သတင်းစာက ယနေ့ (ဇူလိုင် ၂၅) ရေးသားထုတ်ပြန်ခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် ပြည်သူကို ကြောက်ရွံ့စိတ်ဖြစ်အောင် ခြိမ်းခြောက်ပြခြင်းဖြစ်ပြီး သို့သော် ပြည် သူလူထုက မကြောက်ရွံ့ဘဲ စစ်အုပ်စုအပေါ် ပိုမိုနာကျည်းမုန်းတီးပြီး အမြစ်ဖြတ်ခြေမှုန်းနိုင်သည်အထိ သွေးကြွေးမှာဆွေးနွေးစရာမရှိ ဆိုသည့်အတိုင်း အဆုံးထိတိုက်ပွဲဝင်ရန် ဆုံးဖြတ်ချက်များခိုင်မာအားကောင်းလာစေခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်မှာရှိတဲ့ ဂျန်းရှင်းစီးတီးဈေးဝယ်စင်တာမှာ ရုရှားစစ်သားလို့ယူဆရတဲ့ အမျိုးသားအများအပြား ဒီက​နေ လာရောက်ဈေးဝယ်တာတွေ့ခဲ့ရတယ်လို့ မျက်မြင်​တွေ့ရှိသူတွေကပြောပါတယ်။

သတင်း

ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးစစ်ကြောင်း၊ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းနဲ့ မွန်ပြည်နယ်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းကို လက်နက်တပ်ဆင်ပေးခဲ့ကြောင်း အထူးတိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ အောက်တိုဘာလအတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူ ၉၀ကျော်ရှိပြီး ရွေးကောက်ပွဲအပေါ်ဝေဖန်ပြောဆိုမှုဆိုတဲ့ အကြောင်းပြချက်နဲ့ ၉ဦးဖမ်းဆီးခံခဲ့ရတယ်လို့ မြေပြင်သတင်းတွေဖော်ပြနေတဲ့ Rangoon Scout Network -RSNက ဖော်ပြပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(နိုဝင်ဘာ၂) မနက်ပိုင်းကတည်း က မိုးများနေတာကြောင့် မြို့နယ်တော်တော်များများမှာ ရေကြီးရေလျှံတာတွေဖြစ်နေပါတယ်။