Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို ပိုဖိအားပေးဖို့ တရုတ်ကို အမေရိကန် တောင်းဆို၊ မြန်မာ့ပြည်တွင်းရေး ဝင်မစွက်လိုကြောင်း တရုတ်တုံ့ပြန်

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က လက်ရှိ အဖမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ သေဒဏ် ချမှတ် ခံထားရသူ ၁၀၀ ကျော် ရှိနေသေးပြီး ဘက်ပေါင်းစုံ ဖိအားပေးမှုတွေသာ မရှိရင် အဲဒီ အကျဉ်းသားတွေ အတွက်ပါ စိုးရိမ်စရာ ဖြစ်လာနေကြောင်း သတိပေးထားပါတယ်။

စစ်ကောင်စီကို ပိုဖိအားပေးဖို့ တရုတ်ကို အမေရိကန် တောင်းဆို၊ မြန်မာ့ပြည်တွင်းရေး ဝင်မစွက်လိုကြောင်း တရုတ်တုံ့ပြန်
စစ်ကောင်စီကို ပိုဖိအားပေးဖို့ တရုတ်ကို အမေရိကန် တောင်းဆို၊ မြန်မာ့ပြည်တွင်းရေး ဝင်မစွက်လိုကြောင်း တရုတ်တုံ့ပြန်

နိုင်ငံရေး အကျဉ်းသားတွေကို ကွပ်မျက်ခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း အာဏာသိမ်း မြန်မာ စစ်ကောင်စီအပေါ် ပိုပြီး ဖိအားပေးဖို့ တရုတ် အစိုးရကို အမေရိကန်က တိုက်တွန်း တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

တရုတ်ဟာ မြန်မာစစ်တပ်ကို အဓိက ကျောထောက်နောက်ခံ ပြုပေးနေတဲ့ အင်အားကြီး နိုင်ငံတစ်ခု ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းက အပြင်းအထန် ကန့်ကွက် သတိပေးနေတဲ့ ကြားထဲကနေ ကိုဇေယျာသော်၊ ကိုဂျင်မီတို့ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၄ ဦးကို ကွပ်မျက်လိုက်ကြောင်း စစ်ကောင်စီက ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ သေဒဏ် စီရင်မှုဟာ စစ်ကောင်စီရဲ့ စည်းလွတ်ဝါးလွတ် ရက်စက် ရမ်းကားမှုကို ထင်ဟပ်စေခဲ့ပြီး တစ်ကမ္ဘာလုံး တုန်လှုပ် ချောက်ချားသွားခဲ့ပါတယ်။

အမေရိကန် အစိုးရက မြန်မာ့ နိုင်ငံရေး အကျဉ်းသားတွေ ကွပ်မျက်ခံရတဲ့ ဖြစ်စဉ်အပေါ် အပြင်းအထန် ဝေဖန် ရှုတ်ချခဲ့သလို မြန်မာ စစ်ကောင်စီအပေါ် ဩဇာညောင်းတဲ့ တရုတ်ကိုလည်း ပိုမို ဖိအားပေးဖို့ တိုက်တွန်းခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ နက်ဒ်ပရိုက်စ်က ပြောပါတယ်။ ဒါပေမဲ့ တရုတ်ကတော့ တခြားနိုင်ငံ တစ်ခုရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်လိုဘူးလို့သာ တုံ့ပြန်ခဲ့ကြောင်း သိရပါတယ်။

ပရိုက်စ်က စစ်ကောင်စီနဲ့ ပတ်သက်ရင် ပုံမှန် လုပ်ထုံးလုပ်နည်းတွေနဲ့ ချဉ်းကပ်ဖို့ မဖြစ်နိုင်လောက်တော့ဘူးလို့ မှတ်ချက် ပေးခဲ့ပါတယ်။ တစ်ကမ္ဘာလုံးက နိုင်ငံ အသီးသီး အနေနဲ့ မြန်မာ့အရေးမှာ ပိုပြီး အားစိုက်ကြဖို့ တောင်းဆိုလိုကြောင်း၊ အမေရိကန် အနေနဲ့လည်း ဒီထက်ပိုပြီး ထဲထဲဝင်ဝင် အားထည့် ဆောင်ရွက်သွားမှာဖြစ်ကြောင်း သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပရိုက်စ်က နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ စစ်ကောင်စီအတွက် စစ်လက်နက် ပစ္စည်းတွေ ဖြည့်တင်း ရောင်းချပေးနေမှုကို တားမြစ်ပြီး စစ်ကောင်စီရဲ့ တရားဝင် ရပ်တည်မှုကို ဝိုင်းဝန်း ကန့်သတ်ကြဖို့လည်း တောင်းဆိုသွားပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က လက်ရှိ အဖမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ သေဒဏ် ချမှတ် ခံထားရသူ ၁၀၀ ကျော် ရှိနေသေးပြီး ဘက်ပေါင်းစုံ ဖိအားပေးမှုတွေသာ မရှိရင် အဲဒီ အကျဉ်းသားတွေ အတွက်ပါ စိုးရိမ်စရာ ဖြစ်လာနေကြောင်း သတိပေးထားပါတယ်။

အမေရိကန်က စစ်ကောင်စီ အနေနဲ့ အာဆီယံရဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာ အကောင်အထည်ဖော်ဖို့လည်း ထပ်မံ တောင်းဆိုခဲ့ပေမယ့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့ မာစီရယ်လ်ကတော့ အဲဒီ ဘုံသဘောတူညီချက်တွေ ဆိုတာဟာ မနှစ်ကတည်းက အဆုံးသတ်သွားပြီးပြီလို့ မှတ်ချက် ပေးခဲ့ပါတယ်။

အာဆီယံ အဖွဲ့နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ချယ်လီ ဘတ်ချီလတ်တို့ကလည်း စစ်ကောင်စီရဲ့ သေဒဏ် စီရင်မှုတွေကို အသီးသီး ရှုတ်ချခဲ့ကြပါတယ်။ အဲဒီ ကွပ်မျက်မှုတွေဟာ မြန်မာ စစ်တပ်က ပြည်သူတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်ညှင်းပန်းနေတဲ့ လှုပ်ရှားမှုတွေရဲ့ အရှိန်မသေသေးတဲ့ ခြေလှမ်းတွေလို့လည်း ဘတ်ချီလတ်က ဝေဖန်သွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။