Connect with us

Hi, what are you looking for?

သတင်း

စစ်ဆင်ရေးများလုပ်တော့မည်ဖြစ်၍ စစ်ကောင်စီတပ်ရှိရာအနီးနေထိုင်သည့် ပြည်သူများအမြန်ဆုံး ခေတ္တတိမ်းရှောင်ရန် ယောဒေသ PDF အသိပေး

စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ထုတ်ရေး၌ တက်နိုင်သည့် နေရာများက ဆက်လက်ပါဝင်ပေးကြရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။

ယောဒေသ PDF
ယောဒေသ PDF

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်(YPDF) အနေဖြင့် မဟာမိတ်များနှင့်ပူးပေါင်း စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ထုတ်ရေး စစ်ဆင်ရေးများကို လုပ်ဆောင်တော့မည်ဖြစ်ကြောင်း YPDFက ယနေ့ သတိပေးချက် ထုတ်ပြန်သည်။

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်များရှိရာ တပ်စခန်းများ၊ ကင်းစခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ စစ်ကောင်စီဒေါက်တိုင်ရုံးများအနီး နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ဘေးလွတ်ရာနေရာများသို့ အမြန်ဆုံးခေတ္တ တိမ်းရှောင်နေထိုင်ကြရန် အသိပေးကြေညာအပ်သည်ဟု ဖော်ပြထားသည်။

ယောဒေသ PDF
ယောဒေသ PDF

သတိပေးချက်မလိုက်နာ၍ မလိုလားအပ်သော ထိခိုက်နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်လာပါက မလိုက်နာသူများ၏ တာဝန်သာ ဖြစ်ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်ကို ရရာလက်နက်ကိုင်စွဲကာ တွန်းလှန်တိုက်ထုတ်နေကြသော တော်လှန်ရေးအဖွဲ့အစည်းများကို ရိက္ခာ၊ ငွေကြေးက အစ စီးပွားရေး ခက်ခဲနေသည့်ကြားက ကူညီထောက်ပံ့ပေးနေကြသည့်အတွက်လည်း တော်လှန်ရေးတပ်ဖွဲ့များ ကိုယ်စားကျေးဇူးအထူး တင်ရှိကြောင်း YPDFက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ထုတ်ရေး၌ တက်နိုင်သည့် နေရာများက ဆက်လက်ပါဝင်ပေးကြရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့