Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ဆင်ရေးများလုပ်တော့မည်ဖြစ်၍ စစ်ကောင်စီတပ်ရှိရာအနီးနေထိုင်သည့် ပြည်သူများအမြန်ဆုံး ခေတ္တတိမ်းရှောင်ရန် ယောဒေသ PDF အသိပေး

စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ထုတ်ရေး၌ တက်နိုင်သည့် နေရာများက ဆက်လက်ပါဝင်ပေးကြရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။

ယောဒေသ PDF
ယောဒေသ PDF

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်(YPDF) အနေဖြင့် မဟာမိတ်များနှင့်ပူးပေါင်း စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ထုတ်ရေး စစ်ဆင်ရေးများကို လုပ်ဆောင်တော့မည်ဖြစ်ကြောင်း YPDFက ယနေ့ သတိပေးချက် ထုတ်ပြန်သည်။

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်များရှိရာ တပ်စခန်းများ၊ ကင်းစခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ စစ်ကောင်စီဒေါက်တိုင်ရုံးများအနီး နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ဘေးလွတ်ရာနေရာများသို့ အမြန်ဆုံးခေတ္တ တိမ်းရှောင်နေထိုင်ကြရန် အသိပေးကြေညာအပ်သည်ဟု ဖော်ပြထားသည်။

ယောဒေသ PDF
ယောဒေသ PDF

သတိပေးချက်မလိုက်နာ၍ မလိုလားအပ်သော ထိခိုက်နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်လာပါက မလိုက်နာသူများ၏ တာဝန်သာ ဖြစ်ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်ကို ရရာလက်နက်ကိုင်စွဲကာ တွန်းလှန်တိုက်ထုတ်နေကြသော တော်လှန်ရေးအဖွဲ့အစည်းများကို ရိက္ခာ၊ ငွေကြေးက အစ စီးပွားရေး ခက်ခဲနေသည့်ကြားက ကူညီထောက်ပံ့ပေးနေကြသည့်အတွက်လည်း တော်လှန်ရေးတပ်ဖွဲ့များ ကိုယ်စားကျေးဇူးအထူး တင်ရှိကြောင်း YPDFက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ထုတ်ရေး၌ တက်နိုင်သည့် နေရာများက ဆက်လက်ပါဝင်ပေးကြရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။