Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နယူးရောက်မြို့တွင် ‘ရဲရင့်သောကြယ်တာရာတို့အတွက် သန္နိဌာန်ပြုဆုတောင်းပွဲ’ကျင်းပ

ထို့အပြင် “မိမိကိုယ်ကို မျိုးစေ့အဖြစ် ကြဲပက်ခဲ့သူအာဇာနည်အပေါင်း၏ ကျေးဇူးဂုဏ်ကို ရည်မှန်း” ရင်းအရေးတော်ပုံအောင်သည်အထိ ကြိုးစားတွန်းလှန်သွားမည် ဟု သံန္နိဌာန်ပြုခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ - NYCBC
ဓာတ်ပုံ - NYCBC

▪️အမေရိကန်ရောက် မြန်မာ ၃၀၀ ကျော် တက်ရောက်ဆုတောင်း

အမေရိကန်နိုင်ငံ နယူးယောက်မြို့ Queens မြို့နယ်တွင် ဇူလိုင် ၂၆ ညပိုင်း၌ NYCBC အဖွဲ့နှင့်အတူမြန်မာနိုင်ငံသားများပူးပေါင်း၍ “ရဲရင့်သော ကြယ်တာရာတို့တွက် သန္နိဌာန်ပြု ဆုတောင်းပွဲ” နှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပွဲကို အ​မေရိကန်နိုင်ငံရောက် မြန်မာပြည်ဖွား ၃၀၀ကျော် တက်ရောက်ခဲ့ပြီး ဇူလိုင် ၂၆ ည ၇ နာရီမှ ၈ နာရီအခွဲအထိ စုရုံးကျင်းပခဲ့သည်။

​ဆန္ဒပြပြည်သူများက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့လေးဦးနှင့်တကွ အာဇာနည် အားလုံးတို့ကို ဦးညွတ်အလေးပြုခဲ့ကြပြီး သေဒဏ်စီရင်ခံခဲ့ရသူ ၄ ဦးနှင့်အတူ ဖမ်းဆီးအကျဉ်းချခံထားရသည့် တော်လှန်ရေးရဲဘော်များ၊ အသက်ဆုံးရှုံးခဲ့ရသည့် တော်လှန်ရေးရဲဘော်များ အားလုံးအတွက် ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။

ထို့အပြင် “မိမိကိုယ်ကို မျိုးစေ့အဖြစ် ကြဲပက်ခဲ့သူအာဇာနည်အပေါင်း၏ ကျေးဇူးဂုဏ်ကို ရည်မှန်း” ရင်းအရေးတော်ပုံအောင်သည်အထိ ကြိုးစားတွန်းလှန်သွားမည် ဟု သံန္နိဌာန်ပြုခဲ့ကြကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။