Connect with us

Hi, what are you looking for?

သတင်း

နယူးရောက်မြို့တွင် ‘ရဲရင့်သောကြယ်တာရာတို့အတွက် သန္နိဌာန်ပြုဆုတောင်းပွဲ’ကျင်းပ

ထို့အပြင် “မိမိကိုယ်ကို မျိုးစေ့အဖြစ် ကြဲပက်ခဲ့သူအာဇာနည်အပေါင်း၏ ကျေးဇူးဂုဏ်ကို ရည်မှန်း” ရင်းအရေးတော်ပုံအောင်သည်အထိ ကြိုးစားတွန်းလှန်သွားမည် ဟု သံန္နိဌာန်ပြုခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ - NYCBC
ဓာတ်ပုံ - NYCBC

▪️အမေရိကန်ရောက် မြန်မာ ၃၀၀ ကျော် တက်ရောက်ဆုတောင်း

အမေရိကန်နိုင်ငံ နယူးယောက်မြို့ Queens မြို့နယ်တွင် ဇူလိုင် ၂၆ ညပိုင်း၌ NYCBC အဖွဲ့နှင့်အတူမြန်မာနိုင်ငံသားများပူးပေါင်း၍ “ရဲရင့်သော ကြယ်တာရာတို့တွက် သန္နိဌာန်ပြု ဆုတောင်းပွဲ” နှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပွဲကို အ​မေရိကန်နိုင်ငံရောက် မြန်မာပြည်ဖွား ၃၀၀ကျော် တက်ရောက်ခဲ့ပြီး ဇူလိုင် ၂၆ ည ၇ နာရီမှ ၈ နာရီအခွဲအထိ စုရုံးကျင်းပခဲ့သည်။

​ဆန္ဒပြပြည်သူများက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့လေးဦးနှင့်တကွ အာဇာနည် အားလုံးတို့ကို ဦးညွတ်အလေးပြုခဲ့ကြပြီး သေဒဏ်စီရင်ခံခဲ့ရသူ ၄ ဦးနှင့်အတူ ဖမ်းဆီးအကျဉ်းချခံထားရသည့် တော်လှန်ရေးရဲဘော်များ၊ အသက်ဆုံးရှုံးခဲ့ရသည့် တော်လှန်ရေးရဲဘော်များ အားလုံးအတွက် ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။

ထို့အပြင် “မိမိကိုယ်ကို မျိုးစေ့အဖြစ် ကြဲပက်ခဲ့သူအာဇာနည်အပေါင်း၏ ကျေးဇူးဂုဏ်ကို ရည်မှန်း” ရင်းအရေးတော်ပုံအောင်သည်အထိ ကြိုးစားတွန်းလှန်သွားမည် ဟု သံန္နိဌာန်ပြုခဲ့ကြကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလွတ်မြောက်လာသူများကို နေရပ်သို့ပြန် မပို့ခင်မှာ ရာဇဝတ်မှုများနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က ဒီနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

သတင်း

ထိုင်းမှာ မြန်မာတွေပါတဲ့ ငါးဖမ်းလှေတစ်စီး နစ်မြုပ်မှုကြောင့် ၃ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

Facebook