Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်၏ ရိုင်းစိုင်းသော ကွပ်မျက်မှုအပေါ် နယူးဇီလန်လွှတ်တော် ကန့်ကွက်ရှုတ်ချ

နိုင်ငံခြားရေးဝန်ကြီး Mahuta က ၎င်းတို့အစိုးရအနေဖြင့် မြန်မာနိုင်ငံ အရပ်သားအစိုးရ အုပ်ချုပ်မှုစနစ်ဆီပြန်သွားရေး တသတ်မတ်တည်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ ပြောသည်။

စစ်တပ်၏ ရိုင်းစိုင်းသော ကွပ်မျက်မှုအပေါ် နယူးဇီလန်လွှတ်တော် ကန့်ကွက်ရှုတ်ချ
စစ်တပ်၏ ရိုင်းစိုင်းသော ကွပ်မျက်မှုအပေါ် နယူးဇီလန်လွှတ်တော် ကန့်ကွက်ရှုတ်ချ

▪️အရပ်သားအုပ်ချုပ်မှုစနစ်ဆီပြန်သွားရေး တသတ်မတ်တည်းလုပ်ဆောင်မည်ဟု နိုင်ငံခြားရေးဝန်ကြီးပြော

မြန်မာစစ်တပ်၏ ရိုင်းစိုင်းသော ကွပ်မျက်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း နယူးဇီလန်အောက်လွှတ်တော်က ယနေ့ဆုံးဖြတ်ကြေညာသည်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ကို အကြမ်းဖက်စစ်အုပ်စုက ဥပဒေမဲ့ကွပ်မျက်ခဲ့ခြင်းအပေါ် နယူးဇီလန်အစိုးရ၏ တုံ့ပြန်ဆောင်ရွက်မှုကို လွှတ်တော်အမတ်များ၏ မေးမြန်းခဲ့ရာ နိုင်ငံခြားရေးဝန်ကြီး Nanaia Mahuta က ဝန်ကြီးဌာန၏ ကြေညာချက်ကို ဖတ်ကြားတင်သွင်းခဲ့သည်။

“မြန်မာစစ်ကောင်စီရဲ့လုပ်ရပ်က ထိပ်လန့်ဖွယ်အပြုအမှုပါ။ ဒီကွပ်မျက်မှုတွေဟာ ဆယ်စုနှစ်တွေအတွင်း ပထမဆုံးဖြစ်ပြီး အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကောင်စီရဲ့လူမဆန်မှုကို ထပ်မံ ထုတ်ဖော်လိုက်တာလည်းဖြစ်ပါတယ်”ဟု Nanaia Mahuta က ပြောသည်။

အထက်ပါ နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးသည် လာမည့်ဩဂုတ်တွင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးတက်ရန် ကမ္ဘောဒီးယားသို့ သွားရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံ အရပ်သားအုပ်ချုပ်မှုစနစ်ဆီပြန်လည်ရောက်ရေး လုပ်ဆောင်နိုင်သည်များကို အာဆီယံနိုင်ငံ များနှင့်ဆွေးနွေးမည်ဟု လွှတ်တော်သို့ အသိပေးသည်။

Public Service Announcement

Public Service Announcement

နယူးဇီလန်အစိုးရသည် သံတမန်ရေးအရ အာဆီယံနှင့်ထိတွေ့ဆက်ဆံမည်ဖြစ်သော်လည်း မြန်မာစစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမည်မဟုတ်ကြောင်း အထက်ပါ နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ထို့အပြင် နယူးဇီလန်သည် မဟာမိတ်များ၊ ကုန်သွယ်ရေးမိတ်ဖက်များကို စစ်ကောင်စီအား မြန်မာနိုင်ငံ၏အစိုးရအဖြစ် တရားဝင်မှုမပေးရေးအတွက် လုပ်ဆောင်သွားရန် လွှတ်တော် အမတ်တစ်ဦးက တိုက်တွန်းသည်။

နိုင်ငံခြားရေးဝန်ကြီး Mahuta က ၎င်းတို့အစိုးရအနေဖြင့် မြန်မာနိုင်ငံ အရပ်သားအစိုးရ အုပ်ချုပ်မှုစနစ်ဆီပြန်သွားရေး တသတ်မတ်တည်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ ပြောသည်။

ကိုးကား – stuff

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။