Connect with us

Hi, what are you looking for?

News

နွေဦးထီရောင်းချမယ့် တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာ NUG ကြေညာ၊ ဒီနေ့မနက် ၁၀ နာရီ ထီစရောင်းမယ်

လက်ရှိမှာ ‘အောင်လံလွှင့်ချီ နွေဦးထီ’ အမည်နဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာ အတုတွေ ထွက်ပေါ်နေတာကြောင့် တရားဝင် စာမျက်နှာလိပ်စာဖြစ်တဲ့ https://m.facebook.com/nuglottery ကို သတိပြုဖို့လိုပါတယ်။

People's Spring
People's Spring

ပြည်သူအားကိုးနဲ့ အကြမ်းဖက်စစ်ကောင်စီကို အပြီးတိုင်ရိုက်ချိုးမယ့် ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးက အသိပေးကြေညာပါတယ်။

နွေဦးထီ ကံစမ်းလိုသူတွေဟာ တရားဝင် စာမျက်နှာဖြစ်တဲ့ https://m.facebook.com/nuglottery ကနေ မနက် ၁၀ ကနေ ည ၁၀ နာရီအထိ ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာ ‘အောင်လံလွှင့်ချီ နွေဦးထီ’ အမည်နဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာ အတုတွေ ထွက်ပေါ်နေတာကြောင့် တရားဝင် စာမျက်နှာလိပ်စာဖြစ်တဲ့ https://m.facebook.com/nuglottery ကို သတိပြုဖို့လိုပါတယ်။

နွေဦးထီ ကံစမ်းလိုသူတွေအနေနဲ့ အဲဒီစာမျက်နှာရဲ့ Chat bot ကို ဝင်ရောက်ပြီး တစ်ဆင့်ချင်းစီ လုပ်​ဆောင်သွားရမှာပါ။

Public Service Announcement

Public Service Announcement

ထီထိုးနည်း လမ်းညွှန်ကိုလည်း အဲဒီဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
မိတ်ဆွေတို့ ထီထိုးဖို့အတွက်

👉
chatbot ကို သွားပါ
👉
‘e-lottery ဆိုတာ ဘာလဲ ‘ ရဲ့ အောက်မှာ ရှိတဲ့ ‘Get Started’ ကို နှိပ်ပါ
👉 ပိုမိုသိရှိရန် ကို နှိပ်ပေးပါ
👉 အကွက်လေးတွေ ကျ လာပါလိမ့်မယ် ဘယ်ဖက်ကို ပွတ်ဆွဲပေးပါ
👉 ‘ထီလက်မှတ်ဝယ်ရန် ‘ ကို နှိပ်ပါ
👉 အမည် ၊ ဖုန်းနံပါတ် ထိုးချင်တဲ့ အစောင်ရေ တွေကို ဖြည့်ပေးပါ
👉 ဖြည့်ပြီးသွားရင် Payment အောက်တွင် Process>> ဆိုတာလေးကို နှိပ်ပေးပါ
Agent များမှ ငွေပေးချေဖို့ ဆက်သွယ်ပေးပါလိမ့်မယ်
စတဲ့ ထီထိုးနည်း လမ်းညွှန်ကို အဲဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။
ထီတစ်စောင်ကို ၂၀၀၀ ကျပ်နှုန်းနဲ့ အနည်းဆုံး ၅ စောင်ကနေ အများဆုံး ၅၀ စောင်အထိ ကံစမ်းနိုင်မှာဖြစ်ပါတယ်။ အမြင့်ဆုံး ဆုငွေက ၁၅ သိန်းကျပ်ပါ။
တော်လှန်ရေးထီဖြစ်တဲ့အပြင် ထီထိုးသူတွေရဲ့ လုံခြုံရေးကို အဓိက အလေးထားတာကြောင့် ဆုကြေးငွေ နည်းပါးတာကို NUG က တောင်းပန်ထားပြီး အခုထီရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်းကို CDM ဝန်ထမ်းတွေအတွက် သုံးစွဲသွားမှာဖြစ်ပါတယ်။
ဒီနေရာမှာ ထီထိုးသူတွေဟာ ကိုယ်တိုင်ထုတ်မပြောရင် ဘယ်သူမှ မသိနိုင်တဲ့ နည်းပညာပိုင်းဆိုင်ရာ အာမခံချက်ရှိတာမို့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုတွေကို ဂရုမစိုက်ဖို့ NUG က ပြောထားပါတယ်။
နွေဦးထီဟာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် အရေးပါတဲ့တော်လှန်ရေးထီဖြစ်လို့ ပြည်သူတစ်ဦးချင်း၊ တစ်ယောက်ချင်းက အသံတိတ်ပါဝင်ဆင်နွှဲဖို့ NUG က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook