Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် ဆန္ဒပြသပိတ်အပြီး ဂျပန်နိုင်ငံသား အပါအဝင် လူငယ်သုံးဦးကို ဖမ်းဆီးခံရ

ယနေ့ ညနေ ၃ နာရီခွဲဝန်းကျင်တွင် ဒဂုံမြို့သစ်တောင်ပိုင်း၌ ကျောင်းသားလူငယ်များ ဦးဆောင်၍ “အမှန်တရားကို အမှားတစ်ရာဖမ်းထားသည်” ဆိုသည့် စာတန်းဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - AAMIJ
ဓာတ်ပုံ - AAMIJ

▪️ဖမ်းဆီးခံ ဂျပန်နိုင်ငံသားအတွက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့တွင် ကန့်ကွက်ဆန္ဒပြမည်

ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းတွင် ယနေ့ (ဇူလိုင် ၃၀) ညနေပိုင်းက ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲအပြီးတွင် စစ်ကောင်စီက ဂျပန်နိုင်ငံသားတစ်ဦး အပါအဝင် လူငယ် သုံးဦးကို အကြမ်းဖက် ဖမ်းဆီးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်သည်။

ယနေ့ ညနေ ၃ နာရီခွဲဝန်းကျင်တွင် ဒဂုံမြို့သစ်တောင်ပိုင်း၌ ကျောင်းသားလူငယ်များ ဦးဆောင်၍ “အမှန်တရားကို အမှားတစ်ရာဖမ်းထားသည်” ဆိုသည့် စာတန်းဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့သည်။

ယင်းဆန္ဒပြပွဲအပြီး အဌားယာဥ်ပေါ်သို့ တက်နေသည့် လူငယ် အချို့ကို စစ်ကောင်စီက Probox အိမ်စီးကား၊ အရပ်ဝတ်များဖြင့် ရောက်ရှိလာကာ အဓမ္မဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ဂျပန်နိုင်ငံသားတစ်ဦး၊ လူငယ်အမျိုးသားနှင့် အမျိုးသမီးတစ်ဦး တို့ ဖမ်းဆီးခံခဲ့ရကြောင်း Yangon Drone က ထုတ်ပြန်သည်။

ဓာတ်ပုံ - AAMIJ
ဓာတ်ပုံ – AAMIJ

” ညနေက သပိတ်အပြီးမှာ ဂျပန်နိုင်ငံသား Toru Kubota နဲ့ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ ဖမ်းခံရပြီး ကင်မရာတစ်လုံး၊ ဘန်နာ ပိတ်စတစ်ခုတို့ ဖမ်းဆီးရမိသွားပါတယ်။ အခုအချိန်အထိဖမ်းဆီးရမိသူများနဲ့ ဆက်သွယ်မှုပြတ်တောက်နေပြီး အကြမ်းဖက်မဖမ်းဆီးခံရခင်အထိ ထိုသူအားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက် ရှိတာကြောင့် ထိခိုက်မှုတစုံတရာရှိလာခဲ့ပါက အကြမ်းဖက် ဖမ်းဆီးသွားခဲ့သော စစ်တပ်တွင်သာတာဝန်အပြည့်အဝရှိမှာ ဖြစ်ပါတယ် “ဟု Yangon Drone က ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ အကြမ်းဖက် ဖမ်းဆီးခံခဲ့ရသူ ဂျပန်နိုင်ငံသားသည် Toru Kubota ဖြစ်ပြီး မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူဖြစ်ကြောင်း ဂျပန်သတင်းဌာန TBS News က ဖော်ပြထားသည်။

စစ်ကာင်စီတပ်၏ မတရားဖမ်းဆီးခံရသည့် Mr Toru Kubota အပါအဝင် ဆန္ဒပြလူငယ်များအတွက် မနက်ဖြန် (ဇူလိုင် ၃၁) တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့ အရေးပေါ် ကန့်ကွက်ဆန္ဒပြပွဲပြုလုပ်သွားမည် ဖြစ်ကြောင်း ဂျပန်ရောက် ဒီမိုကရေစီအရေး လိုလားသူ မြန်မာနိုင်ငံသားများက ယနေ့ညပိုင်း၌ ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။