Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်မြို့တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်စောင့်ရဲတစ်ဦး ဓားဖြင့် ထိုးသတ်ခံရ

ပျူစောထီးများသည် စစ်ကောင်စီထောက်တိုင် စစ်စစ်များဖြစ်သည့်အတွက် ပြတ်ပြတ်သားသား ခြေမှုန်းသွားမည်ဟု Tigyaing Revolution -TR က ထုတ်ပြန်သည်။

ထီးချိုင့်မြို့
ထီးချိုင့်မြို့

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်စောင့် ရဲတစ်ဦး ဓားဖြင့် ထိုးသတ်ခံရမှု ဖြစ်ပွားခဲ့သည်။

ထီးချိုင့်မြို့ မောင်းတံစစ်ဆေးရေးဂိတ်စောင့် ရဲတစ်ဦးကို ယနေ့(ဇူလိုင် ၃၁ရက်) ညနေ အချိန်တွင် ဆိုင်ကယ်စီးလာသူ နှစ်ဦးက ဓားဖြင့် ထိုးသတ်သွားခြင်း ဖြစ်သည်။

” ရဲသေသွားတယ်။ သတ်တဲ့သူတွေက ဘယ်သူတွေလဲတော့ မသိသေးဘူး။ ရဲတွေတော့ လန့်နေကြတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ သေဆုံးသူမှာ ရဲမှာ နိုင်မင်းထွန်းဆိုသူ ဖြစ်သည်။

Public Service Announcement
Public Service Announcement

ထီးချိုင့်မြို့တွင် ဇူလိုင် ၂၈ရက်က စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက် ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ထီးချိုင့်မြို့တွင် စစ်ကောင်စီက ဖွဲ့စည်းပေးသည့် ပြည်သူ့လုံခြုံရေးအဖွဲ့၌ ပါဝင်နေသည့် ပျုစောထီး ၂၅ဦး၏ အမည်ကို ပြည်သူ့ကာကွယ်ရေးတပ်၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ Tigyaing Revolution -TRက ယနေ့ ထုတ်ပြန်သတိပေးထားသည်။

ပျူစောထီးများသည် စစ်ကောင်စီထောက်တိုင် စစ်စစ်များဖြစ်သည့်အတွက် ပြတ်ပြတ်သားသား ခြေမှုန်းသွားမည်ဟု Tigyaing Revolution -TR က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ခရီးသွားပြည်သူ​တွေကိုဓာတ်ပုံမှတ်တမ်းယူတာ​တွေလုပ်လာပြီး မြို့ထဲမှာစစ်တပ်လုံခြုံ​ရေးတင်းကြပ်