Connect with us

Hi, what are you looking for?

သတင်း

မူဆယ်မြို့လယ်မှ ယာဥ်ထိန်းရဲကင်း ဗုံးပေါက်ကွဲပြီး ယဥ်ထိန်းရဲအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်လေးဦး ဒဏ်ရာရ

လက်ရှိကာလတွင် စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ခိုက်မှုအရှိန်မြှင့်မည်ဖြစ်၍ စစ်ကောင်စီ ပစ်မှတ်များနှင့် ဝေးဝေးနေရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ သတိပေးနေသည်။

ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

အရပ်သားအမျိုးသမီးတစ်ဦး သေဆုံးခဲ့ရ

မူဆယ်မြို့လယ်မှ ယာဥ်ထိန်းရဲကင်းဗုံးပေါက်ကွဲပြီး ယဥ်ထိန်းရဲတစ်ဦးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်လေးဦး ဒဏ်ရာအပြင်းအထန်ရကာ အရပ်သား အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့သည်။

မူဆယ်မြို့ အမှတ်(၁) စျေးရုံအနီးယာဥ်ထိန်းရဲကင်းမှာ ယနေ့နံနက် ၁၁နာရီ ၁၀ မိနစ်ခန့်တွင် ဗုံးဖောက်ခွဲခံရ​​​ခြင်း ဖြစ်သည်။

Public Service Announcement
Public Service Announcement

“စစ်ကောင်စီဘက်က ယဥ်ထိန်းရဲတစ်ယောက်၊ ပြည်သူ့စစ်သုံးယောက် ထိတာ။ ဒဏ်ရာပြင်းထန် တယ်။ အရပ်သားအမျိူးသမီးနှစ်ယောက်ဒဏ်ရာရပြီး တစ်ယောက်သေဆုံးသွားတယ်”ဟု မူဆယ်မြို့ဒေသခံတစ်ဦးက ပြောသည်။

ဒဏ်ရာရသွားသည့် ယဥ်ထိန်းရဲနှင့် ပြည်သူ့စစ်သုံးဦးစလုံး အခြေအနေဆိုးရွား နေမှုနှင့်ပတ်သက်ပြီး ၎င်းက ” စခတွေ မသေသေးဘူး။ လှုပ်နေသေးတယ်”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိကာလတွင် စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ခိုက်မှုအရှိန်မြှင့်မည်ဖြစ်၍ စစ်ကောင်စီ ပစ်မှတ်များနှင့် ဝေးဝေးနေရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ သတိပေးနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook