Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမြို့အတွင်းလှုပ်ရှားနေသည့် စစ်ကောင်စီတပ်သားနှစ်ဦးကို စနိုက်ပါဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်ရင်း (၁၁၀၁) ထုတ်ပြန်

ဇူလိုင် ၃၀ ရက်ကစ၍ စစ်ကြောင်း နှစ်ကြောင်းဖြင့်ထိုးစစ်ဆင်၍ စနိုက်ပါဖြင့် နှိမ်နင်းသုတ်သင်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်းအတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။

ကရင်နီပြည်နယ် ဖရူဆိုမြို့အတွင်းလှုပ်ရှားနေသည့် စစ်ကောင်စီတပ်သားနှစ်ဦးကို စနိုက်ပါဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ရင်း(၁၁၀၁)က ယမန်နေ့ညတွင် ထုတ်ပြန်သည်။

ဇူလိုင် ၃၀ ရက်ကစ၍ စစ်ကြောင်း နှစ်ကြောင်းဖြင့်ထိုးစစ်ဆင်၍ စနိုက်ပါဖြင့် နှိမ်နင်းသုတ်သင်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်းအတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်မှုရှိသော်လည်း အလယ်ပိုင်းတိုင်း တပ်ရင်း (၁၁၀၁)၊အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး၊Loikaw PDF၊KNDFအပါအဝင် ညီနောင်မဟာမိတ်တပ်ပေါင်းစု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိ အခိုက်အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

ဖရူဆိုမြို့အနီးနှင့် ထီးကလူဒေါကျေးရွာတို့တွင် စစ်ကောင်စီတပ်မှ တပ်အင်အားဖြည့်တင်းနေသဖြင့် ထိတွေ့တိုက်ပွဲများမှာ မကြာခဏ ဖြစ်ပွားနေ​ကြောင်းလည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဇူလိုင် တစ်လတာအတွင်း ကရင်နီပြည်တွင် တိုက်ပွဲ (၄၈)ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖက်မှ ၈၈ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

အလားတူ တိုက်ပွဲများအတွင်း ကရင်နီပူးပေါင်းတပ်များမှ လက်နက် (၂၁)လက်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။