Connect with us

Hi, what are you looking for?

News

NUG မှ ရောင်းချသည့် အောင်လံလွှင့်ချီနွေဦးထီ ဝယ်သူများ၍ ​ရောင်းမ​လောက်

နွေဦးထီကို နောက်ရက်များတွင် ဆက်လက်ထိုးခွင့်ရရန် စောင့်ဆိုင်းအားပေးမည်ဖြစ်ပြီး ထီပေါက်လိုသည်ထက် NUG အစိုးရကို ထောက်ခံလှူဒါန်းလိုသည့်အတွက် ထိုးခြင်းဖြစ်ကြောင်း ပြည်သူအများစုက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ အွန်လိုင်းမှတစ်ဆင့် တရားဝင်ရောင်းချသည့် အောင်လံလွှင့်ချီ နွေဦးထီသည် ယနေ့ ညနေ ၄ နာရီတွင် စတင်ရောင်းချခဲ့သော်လည်း ဝယ်သူများလွန်း၍တစ်နာရီအကြာ ၅ နာရီတွင် ထီလက်မှတ်ကုန်ဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။

“နွေဦးထီကို ပထမ မနက် ၁၀ နာရီမှာ ရောင်းမယ် ဆိုလို့ စောင့်နေတာပါ။ ဒါပေမယ့် နည်းပညာအခက်အခဲကြောင့် ညနေ ၄ နာရီမှ ရောင်းမယ် ဆိုလို့ ညနေမှပဲ ထိုးတော့မယ် လုပ်ထားတာပါ။ ၄ နာရီခွဲကျော်မှာ ဝင်ထိုးဖို့ အဆင့်ဆင့် ဝင်တော့ လူအရမ်းများလို့ ထင်တယ်။ အရမ်းကြာနေတယ်။ ၅ နာရီလောက်မှ နောက်တစ်ခါထပ်ဝင်ကြည့်တော့ ကုန်သွားပြီတဲ့ msg ပဲ ပြန်လာပါတယ်။ ရောင်းတာ တစ်နာရီလောက်ပဲ ကြာတယ် ပြည်သူတွေ အရမ်းအားပေးတော့ ကုန်သွားတာ ဖြစ်မယ် ” ဟု ပြည်သူတစ်ဦးက ပြောသည်။

သို့သော် အဆိုပါ နွေဦးထိကို နောက်ရက်များတွင် ဆက် လက်ထိုးခွင့်ရရန် စောင့်ဆိုင်းအားပေးမည် ဖြစ်ပြီး ထီပေါက်လိုသည်ထက် NUG ကို ထောက်ခံလှူဒါန်းလိုသည့်အတွက် ထိုးခြင်း ဖြစ်ကြောင်း ပြည်သူများက ဆိုသည်။

“ချစ်ခင်လေးစားရပါသော မိဘ ပြည်သူများ အနေနဲ့ “အောင်လံလွှင့်ချီ နွေဦးထီ” ကို အားတက်သရော စတင် ဝယ်ယူကံစမ်းကြသည့်အတွက် အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။စတင်ရောင်းချသည့်အချိန်မှ စ၍ တစ်နာရီအတွင်း သတ်မှတ်အစောင်ရေ ပြည့်သွားတဲ့အတွက် ယနေ့အတွက် ထီရောင်းချခြင်းအား ရပ်နားလိုက်ရသည်ကို နားလည်ခွင့်လွှတ်ပေးကြစေလိုပါတယ်။ ကျွန်ုပ်တို့၏ နွေဦးထီသည် စစ်အာဏာရှင်ပြုတ်မကျမချင်း နေ့စဉ်ရက်ဆက် ရောင်းချသွားမှာဖြစ်တဲ့အတွက် ဒီကနေ့ ထိုးချင်သော်လည်း မထိုးလိုက်ရသူများအနေဖြင့် နောက်ရက်များမှာ ဆက်လက်အားပေးသွားနိုင်မှာပဲ ဖြစ်ပါတယ်။နောက်ရက်များတွင် သတ်မှတ်အစောင်ရေအား အစွမ်းကုန် တိုးမြှင့်လက်ခံနိုင်အောင် ကြိုးစားဆောင်ရွက် သွားမှာဖြစ်ပြီး နည်းပညာပိုင်းဆိုင်ရာအဆင့်မြှင့်တင်ခြင်းအားလည်း တပြိုင်နက်ဆောင်ရွက်လျှက်ရှိပါသည်။” ဟု ​အောင်လံလွှင့်ချီ ​နွေဦးထီ​ဖေစ်ဘွခ်စာမျက်နှာတွင် ​ဖော်ပြထာသည်။

Public Service Announcement

Public Service Announcement

ဆက်လက်၍လည်း”နွေဦးတော်လှန်ရေးအောင်စိတ်ဖြင့် တခဲနက် အားပေးကြသော မိဘပြည်သူများအနေနဲ့လည်း ဩဂုတ်လ (၁၅) ရက်နေ့ မတိုင်မီက “ အောင်လံလွှင့်ချီ နွေဦးထီ “ Chatbot မှာ စမ်းသပ်ထိုးနှံဝယ်ယူမှုပြုထားတဲ့ စာအသွားအလာများကို ကျေးဇူးပြုပြီး ရှင်းလင်းဖျက်ပစ်ပြီးကြဖို့ကိုလည်း မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်။ သို့မှသာ ထီလက်မှတ်များကို ဆက်လက်အားပေး ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။မိဘပြည်သူများ၏ သတင်းအချက်အလက်ဆိုင်ရာ လုံခြုံရေးသည် အဓိကဦးစားပေးဖြစ်သည့်အတွက် လတ်တလော ကြုံတွေ့ရသည့် ဝန်ဆောင်မှုလိုအပ်ချက်များနှင့် နည်းပညာပိုင်းဆိုင်ရာ အတားအဆီးများကို နားလည်ကျော်လွှား ပူးပေါင်းပေးကြသည့်အတွက် အထူးပင် လေးစားဦးညွတ်ပါတယ်” ဟု ပါရှိသည်။

“နွေဦးထီကို ပထမ မနက်၁၀ နာရီမှာ ရောင်းမယ်ဆိုလို့ စောင့်နေတာပါ။ ဒါပေမယ့် နည်းပညာအခက်အခဲကြောင့် ညနေ ၄ နာရီမှ ရောင်းမယ်ဆိုလို့ ညနေမှပဲ ထိုးတော့မယ် လုပ်ထားတာပါ။ ၄ နာရီခွဲကျော်မှာ ဝင်ထိုးဖို့ အဆင့်ဆင့် ဝင်တော့လူအရမ်းများလို့ ထင်တယ်။ အရမ်းကြာနေတယ်။ ၅ နာရီလောက်မှ နောက်တစ်ခါထပ်ဝင်ကြည့်တော့ ကုန်သွားပြီတဲ့ SMS ပဲ ပြန်လာပါတယ်။ ရောင်းတာ တစ်နာရီလောက်ပဲ ကြာတယ်။ ပြည်သူတွေ အရမ်းအားပေးတော့ ကုန်သွားတာဖြစ်မယ် ” ဟု ပြည်သူတစ်ဦးက ပြောသည်။

နွေဦးထီကို နောက်ရက်များတွင် ဆက်လက်ထိုးခွင့်ရရန် စောင့်ဆိုင်းအားပေးမည်ဖြစ်ပြီး ထီပေါက်လိုသည်ထက် NUG အစိုးရကို ထောက်ခံလှူဒါန်းလိုသည့်အတွက် ထိုးခြင်းဖြစ်ကြောင်း ပြည်သူအများစုက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook