Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – ရွှေဘိုလမ်းပိုင်း မြေနက်လမ်းဆုံတွင် စစ်ဆေးခြိမ်းခြောက် ငွေတောင်းခံနေသည့် စစ်ကောင်စီတပ် ကို ဒရုန်းဖြင့်တိုက်ခိုက်

လက်ရှိတွင်လည်း အရာတော်မြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများ ပြုလုပ်နေ၍ မြို့နယ်တွင်း မလိုအပ်ပဲ ခရီးသွားလာခြင်း မပြုလုပ်ကြရန် အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတိပေးထားသည်။

မုံရွာ - ရွှေဘိုလမ်းပိုင်း မြေနက်လမ်းဆုံတွင် စစ်ဆေးခြိမ်းခြောက် ငွေတောင်းခံနေသည့် စစ်ကောင်စီတပ် ကို ဒရုန်းဖြင့်တိုက်ခိုက်
မုံရွာ - ရွှေဘိုလမ်းပိုင်း မြေနက်လမ်းဆုံတွင် စစ်ဆေးခြိမ်းခြောက် ငွေတောင်းခံနေသည့် စစ်ကောင်စီတပ် ကို ဒရုန်းဖြင့်တိုက်ခိုက်

မုံရွာ – ရွှေဘိုလမ်းပိုင်း အရာတော်မြို့အရှေ့ဘက်မြေနက်လမ်းဆုံတွင် လမ်းသွား၊လမ်းလာပြည်သူများနှင့် ခရီးသွားကားများကို စစ်ဆေးခြိမ်း ခြောက် ငွေတောင်းခံနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့်တိုက်ခိုက်ရာ ထိခိုက် သေဆုံးမှုများရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

တိုက်ခိုက်မှုဖြစ်စဥ်အရ ယမန်နေ့(သြဂုတ် ၂ ရက်) တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ၍ အငိုက်ဖမ်းတိုက် ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“ပူးပေါင်းလုပ်ဆောင်တဲ့အဖွဲ့တွေကတော့ မီးနဂါးပြောက်ကျားတပ်ဖွဲ့နဲ့ ဒေသခံပကဖတွေဖြစ်တဲ့ဗိုလ်ယက္ခ၊ ဗိုလ်ကျောက်ဆူး၊ ဗိုလ်တင်မောင် တို့ရဲ့ တပ်ဖွဲ့တွေပါပါတယ်ဗျ”ဟု အရာတော် မြို့နယ် တော်လှန်ရေးအင်အားစုမှ ဗိုလ်ပေါက်စီက လူထုနွေဦးသို့ ပြောသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများထိ ခိုက်သေဆုံးမှုရှိသော်လည်း အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

သို့သော် အရာတော်မြို့နယ်တွင်းစစ်ရေးသတင်း များဖော်ပြနေသည့် အရာတော်ပို့စ်ကမူ ထိတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးအပြင်းအထန်ဒဏ်ရာရရှိသည်ဟု အသိပေး သည်။

မြေနက်လမ်းဆုံသည် ရွှေဘို – မန္တလေး ခရီးသွားယာဉ်များ ဖြတ်သန်းသွားလာလျှင် ခေတ္တရပ်တန့်သည့်နေရာဖြစ်၍ စစ်ကောင်စီတပ်များက အခွင့် ကောင်းယူကာ ခရီးသွားပြည်သူများအား မကြာခဏ ငွေညှစ်လေ့ရှိသော နေရာဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်လည်း အရာတော်မြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများ ပြုလုပ်နေ၍ မြို့နယ်တွင်း မလိုအပ်ပဲ ခရီးသွားလာခြင်း မပြုလုပ်ကြရန် အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့ရဲ့ ရပ်ကွက်အချို့မှာ မိုးရွာလိုက်တိုင်း ​ရေနှုတ်​မြောင်းမရှိတဲ့အတွက် ရေဝပ်ပြီး ရေနစ်မြုပ်​နေတာ​ကြောင့် ​နောက်ဆက်တွဲကျန်းမာ​ရေးပြသာနာ​တွေဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်​​နေကြပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ

Facebook