Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ခွန်ရဲစခန်းကို ပကဖ ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်

အကြမ်းဖက်စစ်တပ်သည် ဆိပ်ခွန်ရွာရှိ ဆန္ဒပြခေါင်းဆောင်များကို လိုက်လံဖမ်းဆီးနေသောကြောင့် ပစ်ခတ်တိုက်ခိုက်ရခြင်းဖြစ်ကြောင်း PDFတာဝန်ရှိသူ၏ ပြောကြားချက်ကိုကိုးကား၍ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးကအသိပေးသည်။

(ဆိပ်ခွန်ရွာ၌ အကြမ်းဖက်စစ်တပ် တပ်စွဲထားသောနေရာအား တွေ့ရစဥ်။ ။ဓါတ်ပုံ-ဒေသခံ)
(ဆိပ်ခွန်ရွာ၌ အကြမ်းဖက်စစ်တပ် တပ်စွဲထားသောနေရာအား တွေ့ရစဥ်။ ။ဓါတ်ပုံ-ဒေသခံ)

ရွှေဘိုဆိပ်ခွန်ရွာရှိရဲစခန်းအားယမန်နေ့ညနေပိုင်းကပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (ပကဖ)များကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(သြဂုတ်လ၂ရက်) ညနေ ၃နာရီခွဲခန့်က ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရှိ ဆိပ်ခွန်ရဲစခန်း တွင် အထိုင်ချထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရဲများအား ရွှေဘိုခရိုင်တပ်ရင်း(၅) တပ်ခွဲ(၃) နှင့် တိုက်နယ် ၂ ပကဖ အဖွဲ့တို့ ပူးပေါင်းပြီး ၄၀မမ လက်နက်ကြီးများဖြင့် အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement
Public Service Announcement

အကြမ်းဖက်စစ်တပ်သည် ဆိပ်ခွန်ရွာရှိ ဆန္ဒပြခေါင်းဆောင်များကို လိုက်လံဖမ်းဆီးနေသောကြောင့် ပစ်ခတ်တိုက်ခိုက်ရခြင်းဖြစ်ကြောင်း PDFတာဝန်ရှိသူ၏ ပြောကြားချက်ကိုကိုးကား၍ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးကအသိပေးသည်။

အကြမ်းဖက်စစ်တပ်ဘက်ကသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုရှိ ၊မရှိကိုမူမသိရသေး​ပေ။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့အနောက်ဘက်ရှိ ဆိပ်ခွန်ရွာသည် အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်မှုများ မကြာခဏခံခဲ့ရသော ကျေးရွာတစ်ရွာဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

Facebook