Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆိပ်ခွန်ရဲစခန်းကို ပကဖ ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်

အကြမ်းဖက်စစ်တပ်သည် ဆိပ်ခွန်ရွာရှိ ဆန္ဒပြခေါင်းဆောင်များကို လိုက်လံဖမ်းဆီးနေသောကြောင့် ပစ်ခတ်တိုက်ခိုက်ရခြင်းဖြစ်ကြောင်း PDFတာဝန်ရှိသူ၏ ပြောကြားချက်ကိုကိုးကား၍ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးကအသိပေးသည်။

(ဆိပ်ခွန်ရွာ၌ အကြမ်းဖက်စစ်တပ် တပ်စွဲထားသောနေရာအား တွေ့ရစဥ်။ ။ဓါတ်ပုံ-ဒေသခံ)
(ဆိပ်ခွန်ရွာ၌ အကြမ်းဖက်စစ်တပ် တပ်စွဲထားသောနေရာအား တွေ့ရစဥ်။ ။ဓါတ်ပုံ-ဒေသခံ)

ရွှေဘိုဆိပ်ခွန်ရွာရှိရဲစခန်းအားယမန်နေ့ညနေပိုင်းကပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (ပကဖ)များကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(သြဂုတ်လ၂ရက်) ညနေ ၃နာရီခွဲခန့်က ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရှိ ဆိပ်ခွန်ရဲစခန်း တွင် အထိုင်ချထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရဲများအား ရွှေဘိုခရိုင်တပ်ရင်း(၅) တပ်ခွဲ(၃) နှင့် တိုက်နယ် ၂ ပကဖ အဖွဲ့တို့ ပူးပေါင်းပြီး ၄၀မမ လက်နက်ကြီးများဖြင့် အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement
Public Service Announcement

အကြမ်းဖက်စစ်တပ်သည် ဆိပ်ခွန်ရွာရှိ ဆန္ဒပြခေါင်းဆောင်များကို လိုက်လံဖမ်းဆီးနေသောကြောင့် ပစ်ခတ်တိုက်ခိုက်ရခြင်းဖြစ်ကြောင်း PDFတာဝန်ရှိသူ၏ ပြောကြားချက်ကိုကိုးကား၍ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးကအသိပေးသည်။

အကြမ်းဖက်စစ်တပ်ဘက်ကသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုရှိ ၊မရှိကိုမူမသိရသေး​ပေ။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့အနောက်ဘက်ရှိ ဆိပ်ခွန်ရွာသည် အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်မှုများ မကြာခဏခံခဲ့ရသော ကျေးရွာတစ်ရွာဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။

သတင်း

မတ်လ ၁၄ ရက်ကလည်း BWM နှင့် MKCDF အဖွဲ့တို့ပူးပေါင်း၍ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သည်။

သတင်း

စစ်ကောင်စီသည် မတ်လ ၂၇ရက်တွင် ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း အသိပေးသည်။

သတင်း

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်၊၁၇ရက်နှင့် ၁၉ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။