Connect with us

Hi, what are you looking for?

သတင်း

ရခိုင်တပ် ALP ဒုဗိုလ်မှူးကြီးတစ်ဦးကို AAဖမ်းဆီး၊ ဖမ်းဆီးထားသည့် ပါတီဝင်ရဲဘော်များ ပြန်လွှတ်ပေးရန် ALP တောင်းဆို

ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းအား ဩဂုတ် ၂ရက် ညနေပိုင်းတွင် AA က နေအိမ်သို့ဝင်ရောက်ဖမ်းဆီး ခဲ့ပြီး ၎င်းနှင့်အတူ ကျောင်းသားတစ်ဦးကိုပါ ဖမ်းဆီးသွားကြောင်း ALPက ထုတ်ပြန်သည်။

ရခိုင်ပြည်မြောက်ရေးပါတီ(ALP/ALA)
ရခိုင်ပြည်မြောက်ရေးပါတီ(ALP/ALA)

ရခိုင်ပြည်မြောက်ရေးပါတီ(ALP/ALA)မှ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားကြောင်း ALPက ထုတ်ပြန်သည်။

ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းအား ဩဂုတ် ၂ရက် ညနေပိုင်းတွင် AA က နေအိမ်သို့ဝင်ရောက်ဖမ်းဆီး ခဲ့ပြီး ၎င်းနှင့်အတူ ကျောင်းသားတစ်ဦးကိုပါ ဖမ်းဆီးသွားကြောင်း ALPက ထုတ်ပြန်သည်။

ယင်းဖြစ်ရပ်သည် ရခိုင်စည်းလုံးညီညွတ်ရေးကိုထိပါးစေပြီး ရခိုင့်တော်လှန်ရေး အဖွဲ့အချင်းချင်း ကြားတွင်လုံး၀ မဖြစ်သင့်သည့် ဖြစ်ရပ်ဖြစ်ကြောင်း၊ AA အနေဖြင့် ယခင်ကလည်း ALP ခေါင်းဆောင်တချို့နှင့် ရဲဘော်များကို ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ဖော်ပြထား သည်။

ယခု ဖြစ်ရပ်သည် တိုင်းရင်းသားမဟာမိတ် အသိုင်းအဝိုင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအကြား ရခိုင်လူမျိုး၏ ဂုဏ်သိက္ခာကို ကျဆင်းစေကြောင်းနှင့် အမျိုးသားညီညွတ်ရေးကို ပျက်ပြားစေမည့် မလိုလားအပ်သည့် လုပ်ဆောင်ချက်များကို ရှောင်လွှဲကြရန် ALPက ထုတ်ပြန်ခဲ့ပြီး ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်း အပါအဝင် AAက ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ALPသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) လက်မှတ် ထိုးထားသည့် အဖွဲ့ဖြစ်ပြီးအာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့်ထိတွေ့ ဆက်ဆံနေသည့် ရခိုင်တပ်ဖွဲ့ ဖြစ်သကဲ့သို့ AAသည်လည်း အာဏာမသိမ်းမီ ၂၀၂၀ ရွေးကောက်ပွဲကာလကတည်းက စစ်ကောင်စီတပ်နှင့် အပစ်အခတ်ရပ်စဲရေးကိုနှုတ်အားဖြင့်ဆောင်ရွက်ထားသည့် ရခိုင်တပ်ဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

ရက္ခိုင်ပြည်နယ် စစ်ဆင်ရေးတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရသူတွေကို အာရက္ခတပ်တော်(AA)ထံ အပါမခံဘဲ အချင်းချင်း ပစ်သတ်ဖို့ စစ်တပ်အရာရှိတွေက ညွှန်ကြားထားတယ်လို့ AA ဖမ်းမိထားတဲ့ စစ်သုံ့ပန်း ၁ဦးဖြစ်တဲ့ ပြည်သူ့စစ်မှုထမ်း(ပစ)တပ်သား ရန်ငြိမ်းအောင် က ပြောပါတယ်။

သတင်း

ကျူးလွန်သူ နှစ်ဦးကို ရဲက ဖမ်းပြီး မုဒိန်းမှုနဲ့ အမှုဖွင့်ထား

Facebook