Connect with us

Hi, what are you looking for?

သတင်း

စစ်ရေယာဉ် သင်္ဘောအုပ်စု ချင်းတွင်းမြစ်အထက် သို့ ​ဆန်တက် လာနေ၍ ဒေသခံပြည်သူများ သတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထုတ်ပြန်

“သတင်းထောက်လှမ်းထားတာတော့ အင်အား ၁၀၀ ကျော်လောက်ပါတယ်။ လက်နက်၊ခဲယမ်းတစ်ချို့ပါတယ်။ ခန္တီးအထိ တက်မယ်လို့သိရတယ်”ဟု KLG PDF တာဝန်ရှိသူက People’s Springသို့ ပြောသည်။

(စစ်ကောင်စီ​၏ ရေယာဉ်အုပ်စုကို တွေ့ရစဉ်၊ ဓာတ်ပုံ - KLG တပ်မဟာ)
(စစ်ကောင်စီ​၏ ရေယာဉ်အုပ်စုကို တွေ့ရစဉ်၊ ဓာတ်ပုံ - KLG တပ်မဟာ)

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေယာဉ် သ င်္ဘောတစ်စီးအပါအဝင် ရေယာဥ်သုံးစီးမှာ ချင်းတွင်းမြစ်အထက်သို့ ​ဆန်တက်လာနေ၍ မြစ်ရိုးတစ်လျှောက်ရှိ ဒေသခံပြည်သူများ သတိပြုနေထိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၄ ရက်) နံနက် ၉ နာရီခန့်ကစ၍မုံရွာမြို့နယ် အလုံမင်းဒေါင့်၊ စစ်ပင်ဆိပ်ကမ်းများမှ ထွက်လာသည့် စစ်ကောင်စီရေယာဥ်များသည် တပ်ကူအဖြစ် ထပ်မံတက်လာခြင်းဟု ဆိုသည်။

“သတင်းထောက်လှမ်းထားတာတော့ အင်အား ၁၀၀ ကျော်လောက်ပါတယ်။ လက်နက်၊ခဲယမ်းတစ်ချို့ပါတယ်။ ခန္တီးအထိ တက်မယ်လို့သိရတယ်”ဟု KLG PDF တာဝန်ရှိသူက People’s Springသို့ ပြောသည်။

စစ်ကိုင်းအထက်ပိုင်းရှိ ဟုမ္မလင်းမြို့သို့ စစ်လက် နက်ရိက္ခာဖြည့်တင်ရန် စစ်ကောင်စီက ချင်းတွင်းမြစ်ကြောင်းမှနေ၍ ဇူလိုင် ၁၈ ရက်ကစ၍ စစ်ရေယာဥ်များကိုပါ အင်အား ဖြည့်တင်းခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဇူလိုင် ၁၈ ရက်ကစ၍ ၂၀ ရ​က်အထိ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး နောက်စစ်ကောင်စီတပ်မှ သေဆုံးသူ ဆယ်ဂ ဏန်းအထက်ရှိခဲ့ပြီး သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားရုပ်အလောင်းတစ်ခုမှာ ချင်းတွင်းမြစ် ကြောင်း၌ မျောပါသည်ကို တွေ့ရှိခဲ့ရသည်။

အဆိုပါတိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီ၏ ရယာဥ်အုပ်စုမှာ လက်ရှိတွင် ဖောင်းပြင်မြို့သို့ရောက်ရှိနေပြီဟု သိရသည်။

လက်ရှိစစ်ရေးအခြေအနေကြောင့်လည်း ချင်း တွင်းမြစ်ကြောင်း အစုန်၊အဆန် လမ်းကြောင်း အားလုံး ရက်အကန့်အသတ်မရှိ မည်သည့်မော်တော်ယာဥ်မှ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း နဂါးညီနောင်တပ်ဖွဲ့(DBTF)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်