Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင်ရှိ နိုင်ငံ​ရေးအကျဥ်းသားများသပိတ်​မှောက်​နေ

ယင်းသို့ ပေးဆပ်နေမှုများအား အချည်းနှီး မဖြစ်စေရန် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၊ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများ (ERO) နှင့် အခြားသော တော်လှန်ရေး အင်အားစုအားလုံး ပိုမိုစည်းလုံးညီညွတ်စွာဖြင့် ဆက်လက် တိုက်ပွဲဝင်ကြရန် အလေးအနက် တိုက်တွန်းခဲ့သည်။

အိုးဘိုထောင်ရှိ နိုင်ငံ​ရေးအကျဥ်းသားများသပိတ်​မှောက်​နေ
အိုးဘိုထောင်ရှိ နိုင်ငံ​ရေးအကျဥ်းသားများသပိတ်​မှောက်​နေ

မန္တလေးမြို့ အိုးဘိုထောင်အကျဥ်းထောင်အတွင်းရှိ မတရားဖမ်းဆီးခံထားရ သည့် နိုင်ငံရေး အကျဥ်းသူ၊ သားများက အကြမ်းဖက် စစ်ကောင်စီ၏ မတရားစီရင်ရေးဖြင့် အမိန့်ချမှတ်ခြင်း၊ သေဒဏ်စီရင်ခြင်းများကို ကန့်ကွက်ပြီး တရားမျှတမှုမရှိသော တရားစီရင်ရေးစနစ်အား သြဂုတ် ၁ ရက်မှစ၍ ပူး​ပေါင်း​ဆောင်ရွက်ခြင်းမရှိ​တော့ဘဲ သပိတ်မှောက်​နေ​ကြောင်း ယနေ့ (သြဂုတ် ၄)တွင်ထုတ်ပြန်ကြေညာသည်။

အကြမ်းဖက်စစ်ကောင်စီသည် စစ်အာဏာရှင် ဆန့်ကျင်သူများအား မတရား ဖမ်းဆီး၍ တရားမျှတမှု မရှိသော တရားစီရင်ရေးစနစ်ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခြင်း၊ သေဒဏ်ချမှတ်ခြင်း အပြင် သေဒဏ်ဟုဆိုကာ လူမဆန်စွာ သတ်​ဖြတ်လျက်ရှိသည်။

ထို့ကြောင့် ယင်းကဲ့သို့ မတရားစီရင်ရေးဖြင့် အမိန့်ချမှတ်ခြင်း၊ သေဒဏ်စီရင် ခြင်းများကို ကန့်ကွက်ကြောင်း အိုးဘိုထောင်ရှိ နိုင်ငံရေး အကျဥ်းသူ၊ သားများက သဘောထားထုတ်ပြန်ခဲ့သည်။

ထို့အပြင် နောက်ဆုံးအချိန်ထိ အသက်ပေးတော်လှန်ဆန့်ကျင်ခဲ့ကြသော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ အပါအဝင် သေဒဏ်စီရင်ခံရသူများအား နိုင်ငံ့သူရဲကောင်းများအဖြစ် မှတ်တမ်းတင်အပ်ကြောင်းကိုလည်း ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းသို့ ပေးဆပ်နေမှုများအား အချည်းနှီး မဖြစ်စေရန် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၊ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများ (ERO) နှင့် အခြားသော တော်လှန်ရေး အင်အားစုအားလုံး ပိုမိုစည်းလုံးညီညွတ်စွာဖြင့် ဆက်လက် တိုက်ပွဲဝင်ကြရန် အလေးအနက် တိုက်တွန်းခဲ့သည်။

ယခုကဲ့သို့ တရားမျှတမှု မရှိသော တရားစီရင်ရေးစနစ်အား ပူး​ပေါင်း​ဆောင်ရွက်ခြင်းမပြု​တော့ဘဲ သြဂုတ် ၁ ရက်မှစ၍သပိတ်မှောက် မည်ဖြစ်ပြီး တရားမျှတမှု ရရှိရေး တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ဆောင်ရွက် မည် ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ခဲ့သည်။

ဗကသများအဖွဲ့ချုပ်သို့ ပေးပို့လာသော အိုးဘိုထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသူ/သားများ၏ သဘောထားထုတ်ပြန်ကြေညာချက်ကို ဗကသများအဖွဲ့ချုပ်ကထုတ်ပြန်​ပေးခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊အိုးဘိုထောင်ကယာယီဆောင်မှာ အလှူရှင်လှူထားတဲ့ရေသန့်စက်ပျက်တယ်ဆိုပြီး နိုင်ငံ​ရေးအကျဥ်းသား​တွေကိုရေပိုက်ကလာတဲ့ ရေကိုပဲသောက်ခိုင်းတာကြောင့် ဝမ်းပျက်၊ဝမ်း လျှောရောဂါတွေဖြစ်​နေကြပြီးဆေးကုသခွင့်လည်းမရဘူးလို့ ထောင်ဝန်ထမ်းနဲ့နီးစပ်သူ​တွေက​ပြောတယ်။

သတင်း

မန္တလေးအိုးဘိုထောင်မှာထောင်ဒဏ် ၁၆၄ နှစ်အကျဉ်းချခံရတဲ့နိုင်ငံရေး အကျဉ်းသားတစ်ဦးလုံလောက်တဲ့ဆေးဝါးကုသမှုမရရှိတဲ့အတွက် အခုလ ဇူလိုင် ၂၀ ရက်မှာထောင်တွင်းဆုံးပါးသွားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သတင်း

မန္တလေးမြို့အိုးဘိုအကျဉ်းထောင်မှာ မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂဥက္ကဌအပါအဝင် နိုင်ငံရေးအကျဥ်းသား ၃ ဦး ရိုက်နှက် တိုက်ပိတ်ခံထားရပြီး အရေးပေါ်ဆေးကုသဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား၁၅ ဦးကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်ခဲ့ပြီး ၃ ဦး တိုက်ပိတ်ခံထားရကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး)-AFCCက ဒီကနေ့ ဇူလိင် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။