Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင် အမျိုးသမီးဆောင်မှာ ထမင်းသိုးတွေကျွေးလို့ အစာငတ်ခံဆန္ဒပြမှု ပြေလည်မှုမရသေး

မန္တလေးမြို့က အိုးဘိုအကျဉ်းထောင် အမျိုးသမီးဆောင်မှာ ထမင်းသိုးတွေကြွေးတာကြောင့် ဩဂုတ်၂၀ ရက်က ယာယီဆောင်မှာ နိုင်ငံရေးအကျဉ်းသူတွေ အစာငတ်ခံဆန္ဒပြမှုဖြစ်ခဲ့တယ်လို့ နိုင်ကျဉ်းမိသားစုဝင် တွေကပြောပါတယ်။

ဩဂုတ်၂၅၊၂၀၂၆။People’s Spring

မန္တလေးမြို့က အိုးဘိုအကျဉ်းထောင် အမျိုးသမီးဆောင်မှာ ထမင်းသိုးတွေကြွေးတာကြောင့် ဩဂုတ်၂၀ ရက်က ယာယီဆောင်မှာ နိုင်ငံရေးအကျဉ်းသူတွေ အစာငတ်ခံဆန္ဒပြမှုဖြစ်ခဲ့တယ်လို့ နိုင်ကျဉ်းမိသားစုဝင် တွေကပြောပါတယ်။

အမျိုးသမီး‌‌ယာယီဆောင်မှာ အသိုးနံ့ထွက်နေတဲ့ ထမင်းတွေကျွေးနေပြီး ပြင်ပကလည်း ဝယ်စားခွင့် မပေးတာမို့ ဩဂုတ်၂၀ ရက်က တစ်ဆောင်လုံး အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

“အခုထိလည်း အဆင်မပြေကြဘူးလို့ ပြောပါတယ်။ရေသန့်လည်း သောက်ခွင့်မပေးဘူး။ပျက်နေတဲ့ရေသန့်စက်ကို ပြင်မပေးဘဲ ပိုက်ကလာတဲ့ ရေကိုသောက်ခိုင်းတာ။ဝမ်းလျောတဲ့ သူတွေတော် တော်များတယ်။ဒီအထဲကိုမှ ဝက်စာလိုထမင်းသိုးတွေ ကျွေးနေတာ။အမျိုးသမီးယာယီဆောင်ရဲ့ အခြေအနေက တော်တော်ဆိုးနေတယ်”လို့ ‌‌ နိုင်ကျဉ်းမိသားစုဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဧည့်တွေ့ ကန့်သတ်မှုလည်းပြုလုပ်နေပြီး မူးယစ်နဲ့ တခြားရာဇဝတ်မှုတွေကိုသာ လွတ်လပ်ခွင့်ပေးထားတယ်လို့ ဆိုပါတယ်။

အမျိုးသမီးယာယီဆောင်မှာ အချုပ်သူတွေအပါအဝင် အကျဉ်းသား ၉၀၀နီးပါးရှိပြီး (၃)အဆောင်မှာ ၃၀၀နီးပါးနဲ့ (၄)အဆောင်မှာ ၆၀၀နီးပါးရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊အိုးဘိုထောင်ကယာယီဆောင်မှာ အလှူရှင်လှူထားတဲ့ရေသန့်စက်ပျက်တယ်ဆိုပြီး နိုင်ငံ​ရေးအကျဥ်းသား​တွေကိုရေပိုက်ကလာတဲ့ ရေကိုပဲသောက်ခိုင်းတာကြောင့် ဝမ်းပျက်၊ဝမ်း လျှောရောဂါတွေဖြစ်​နေကြပြီးဆေးကုသခွင့်လည်းမရဘူးလို့ ထောင်ဝန်ထမ်းနဲ့နီးစပ်သူ​တွေက​ပြောတယ်။

သတင်း

မန္တလေးအိုးဘိုထောင်မှာထောင်ဒဏ် ၁၆၄ နှစ်အကျဉ်းချခံရတဲ့နိုင်ငံရေး အကျဉ်းသားတစ်ဦးလုံလောက်တဲ့ဆေးဝါးကုသမှုမရရှိတဲ့အတွက် အခုလ ဇူလိုင် ၂၀ ရက်မှာထောင်တွင်းဆုံးပါးသွားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သတင်း

မန္တလေးမြို့အိုးဘိုအကျဉ်းထောင်မှာ မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂဥက္ကဌအပါအဝင် နိုင်ငံရေးအကျဥ်းသား ၃ ဦး ရိုက်နှက် တိုက်ပိတ်ခံထားရပြီး အရေးပေါ်ဆေးကုသဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား၁၅ ဦးကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်ခဲ့ပြီး ၃ ဦး တိုက်ပိတ်ခံထားရကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး)-AFCCက ဒီကနေ့ ဇူလိင် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။