Connect with us

Hi, what are you looking for?

သတင်း

လေယာဉ်၊ ရဟတ်ယာဉ်ပစ်လက်နက်များနှင့်အတူ CDM ပြုလုပ်လာသူများကို ထိုက်တန်စွာ ဆုချီးမြှင့်မည်ဟု NUG ကာကွယ်ရေး ကြေညာ

စစ်ကောင်စီတပ်ဖွဲ့ဝင်များလေယာဉ်၊ရဟတ်ယာဉ်၊ရေးယာဉ်၊တင့်ကားများ နှင့်အတူCDM ပြုလုပ်ခြင်း၊အဆိုပါ ယာဉ်များကိုဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်နိုင်ခဲ့သူများကို ဆုငွေအများအပြားပေးအပ်မည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရက အသိပေးထားသည်။

ဓာတ်ပုံ - Getty Images
ဓာတ်ပုံ - Getty Images

လေယာဉ်နှင့်ရဟတ်ယာဥ် ပစ်လက်နက်များနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာ မည့် သူများကို ထိုက်တန်စွာဆုကြေးချီးမြှင့်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေး ဝန်ကြီးဌာနက ယနေ့ (ဩဂုတ် ၆ရက်) သတင်းထုတ်ပြန်သည်။

ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကိုဟန့်တားနိုင်မည့် လက်နက်များနှင့်တကွ ပြည်သူ့ရင်ခွင်ခိုလှုံလာပါက ဆုကြေးချီးမြှင့် ပေးအပ်မည့် အခြေအနေကို အသိပေးလိုက်ခြင်းဖြစ်သည်။

ဓာတ်ပုံ - Getty Images
ဓာတ်ပုံ – Getty Images

ဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့်လည်း လက်နက်နှင့် အတူ CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သားများကို ဆုကြေးငွေ ပေးအပ်မှုများပြုလုပ်နေပြီး လက်နက်ခဲယမ်း ပါလာသည့်အပေါ်မူတည်ပြီး ဆုငွေပေးအပ်မှုများရှိနေသည်။

လက်နက်မပါဘဲ စစ်ကောင်စီတပ်ထံမှ ထွက်ပြေးကာ ပြည်သူ့ဘက် ပူးပေါင်းလာသူများကိုလည်း ကောင်းမွန်စွာ စောင့်ရှောက်ထားလျက်ရှိသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင်များလေယာဉ်၊ရဟတ်ယာဉ်၊ရေးယာဉ်၊တင့်ကားများ နှင့်အတူCDM ပြုလုပ်ခြင်း၊အဆိုပါ ယာဉ်များကိုဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်နိုင်ခဲ့သူများကို ဆုငွေအများအပြားပေးအပ်မည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရက အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။