Connect with us

Hi, what are you looking for?

သတင်း

နမ့်ဖက်ကာတွင် မူးယစ်ဆေးသုံးသူ ၁၀၀ကျော်ဖမ်းမိဟု TNLAထုတ်ပြန်

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း နမ့်ဖက် ကာကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူများလာပြီး ဒေသခံလူထုအတွက် နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သည့် ခိုးဆိုး/လုယက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဖော်ပြသည်။

ဓာတ်ပုံ - TNLA
ဓာတ်ပုံ - TNLA

▪️စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ် ဆေးဝါးရောင်းဝယ်သုံးစွဲသူများလာဟု ဖော်ပြ

တအာင်းတပ်မတော်(TNLA) တပ်မဟာ (၁)စစ်ဒေသ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာတွင် ဒေသခံတိုင်းရင်းသားလူငယ်များ ပူးပေါင်းပြီး မူးယစ်ဆေးဝါးသုံးစွဲသူများကိုလိုက်လံဖမ်းဆီးရာ ၁၀၁ဦးဖမ်းဆီးရမိခဲ့သည်ဟု TNLA သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြ သည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးသုံးစွဲသူများတွင် တအာင်းလူမျိုး ၅၃ဦး၊ ကချင်လူမျိုး ၂၅ ဦး၊ တရုတ်လူမျိုး ၁၇ဦး၊ ရှမ်း တစ်ဦး၊ ဗမာ လေးဦးနှင့် လားဟူ တစ်ဦးတို့ ပါဝင်သည်ဟု ဆိုသည်။

တအာင်းလူမျိုး ၅၃ဦးအား PSLF/TNLAမူးယစ်ဆေးဝါး တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ထံ သွားရောက်အပ်နှံခဲ့ကြောင်း နမ့်ဖက်ကာဒေသခံလူငယ်တစ်ဦး၏ ပြောကြားချက်ကိုဖော်ပြထားသည်။

ဓာတ်ပုံ - TNLA
ဓာတ်ပုံ – TNLA

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း နမ့်ဖက် ကာကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူများလာပြီး ဒေသခံလူထုအတွက် နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သည့် ခိုးဆိုး/လုယက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ရွာကတော့ တော်တော်ကြီးတယ်။ အိမ်ခြေ တစ်ထောင်ကျော်ပေါ့။ဟိုဘက်နေ့က တအာင်းက ဖမ်းတာတော့မဟုတ်ဘူး ပြည်သူ့စစ်တွေဖမ်းလာတာတော့ တွေ့တယ်။ ဖမ်းတာက အကုန်ဖမ်းပြီးတခြားနေရာသွားပို့တာပါဗျာ။ ဘယ်ကိုပို့လိုက်လဲတော့ မသိဘူး အဲဒီမှာ ပြည်သူ့စစ်ကားတွေနဲ့ရောတခြားကားတွေနဲ့ရော တော်တော်များတယ်။ အဲဒီလိုပဲ ဒီမှာက ဟိုကဟာဒီပို့လိုက် ဒီကဟာ ဟိုပို့လိုက်ပဲဗျ”ဟု နမ့်ဖက်ကာ ဒေသခံတစ် ဦးက ပြောသည်။

မကြာသေးမီးကလည်း မူဆယ်မြို့နယ်မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးသုံးစွဲသူများကို နမ့်မွှေးဒေသသို့ ကားတစ်စီးဖြင့် လာချသွားသည်ဟု ၎င်းက ဆိုသည်။

” လာချတဲ့ဟာကအယောက် ၃၀လောက်ကကျွန်တော်တို့နမ့်ဖက်ကာဘက်ကို တက်လာတယ်။ ကျန်တဲ့ အယောက်သုံးဆယ်လောက်က မူဆယ် ကိုပဲပြန်ပြီး လမ်းလျှောက်ပြီးတက်သွားတယ်။ နောက် ၂ရက်သုံးရက်အထိကို သူတို့ကလမ်းလျှောက်လို့ မပြီးဘူး မူဆယ်ကို ပြန်သွားနေတာ” ဟု နမ့်ဖက်ကာဒေသခံက ပြောသည်။

အာဏာသိမ်းပြီးမူးယစ်ဆေးဝါး သုံးစွဲသူများလာကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

” ပိုများလာတာပေါ့ဗျာ။ တကယ့်လူငယ်လူလတ်ကလေးတွေပါ ပိုများလာတာ။ လမ်းဘေးဘူးခွံ ကောက်တဲ့သူနဲ့ အသီးအရွက်ခူးရောင်းတဲ့သူနဲ့။ အရင်တုန်းက အလုပ်အကိုင်ရှိတုန်းကတော့ ဘိလပ် မြေချဘာချပေါ့ဗျာ။အခု ဒီဘက်မှာလူငယ်တော်တော်များများ အလုပ်အကိုင်မရှိလို့ ပြည်သူစစ်တွေသွားလုပ်ရင်းနဲ့ ဟိုနေ့က မူဆယ် မှာကွဲတဲ့ဟာ နမ့်ဖက်ကာက ပြည်သူ့စစ်တွေထိကုန်တာပဲ။”ဟု နမ့်ဖက်ကာဒေသခံက ပြောသည်။

ဓာတ်ပုံ – TNLA

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။