Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့ပေါ် စစ်ကောင်စီကင်းတဲတစ်ခု တိုက်ခိုက်ခံရပြီး တပ်သား တစ်ဦးသေ

ထိုသို့ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကြောင်း၊ ထိုနောက် ဒီပဲယင်းစစ်တပ် အတွင်းမှ စစ်ကောင်စီတပ်သား ၂၀ ခန့်သည် ဆေးရုံအနီးသို့ လာရောက်၍ သေနတ်များ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ဓာတ်ပုံ-Depeyin PDF
ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ဓာတ်ပုံ-Depeyin PDF

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ကင်းတဲတစ်ခု ပစ်ခတ်တိုက်ခိုက် ခံရပြီး အကြမ်းဖက်စစ်သားတစ်ဦးသေဆုံးကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(သြဂုတ်၈ရက်) နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်က ဒီပဲယင်းမြို့ အနောက်ကွက်သစ်ရှိ စစ်ကောင်စီ၏ကင်းတဲတစ်ခု ၀င်ရောက် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ ထိုကင်းသည် ဒီပဲယင်းမြို့တွင် နေ့စဥ်​ခရီးသွား ပြည်သူများကို ငွေကြေးအဓမ္မခြိမ်းခြောက်တောင်းယူနေသည့် ကင်းတစ်ခုဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကြောင်း၊ ထိုနောက် ဒီပဲယင်းစစ်တပ် အတွင်းမှ စစ်ကောင်စီတပ်သား ၂၀ ခန့်သည် ဆေးရုံအနီးသို့ လာရောက်၍ သေနတ်များ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထိုစစ်ဆင်ရေးအား မည်သည့်အဖွဲ့က ပြုလုပ်သွားသည်ကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။ အကြမ်းဖက်စစ်တပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့် ပတ်သက်၍ ထပ်မံအတည်ပြုနိူင်ခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းသို့ သြဂုတ်လဆန်းပိုင်းမှ စတင်ကာ တကျော့ပြန် စစ်ကြောင်းထိုးဝင်ရောက်နေပြီး ဒေသခံပြည်သူ ရှစ်ဦးထက်မနည်း သတ်ဖြတ်ထားကာ နေအိမ် ၁၅၀ကျော် မီးရှို့ဖျက်ဆီး ခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

Facebook