Connect with us

Hi, what are you looking for?

သတင်း

ထုတ်လုပ်ဖြန့်ဝေနေသည့် လက်နက်များကို မုံရွာ(ပကဖ) ထုတ်ပြန်

လက်ရှိအချိန်ထိ လက်နက်ငယ် အလက် (၅ဝ)ကျော်နှင့် မိုင်းအမျိုးမျိုး အလုံး (၃၀၀) ကျော်ကို ဖြန့်ဝေပေးပြီး​ကြောင်းလည်း အသိပေးထားသည်။

ထုတ်လုပ်ဖြန့်ဝေနေသည့် လက်နက်များကို မုံရွာ(ပကဖ) ထုတ်ပြန်
ထုတ်လုပ်ဖြန့်ဝေနေသည့် လက်နက်များကို မုံရွာ(ပကဖ) ထုတ်ပြန်

လက်နက်ထုတ်လုပ်ရေးစခန်းမှ ထုတ်လုပ်ဖြန့်ဝေနေသည့် ရိုင်ဖယ်အပါအဝင် Air Dropping Bomb နှင့် မိုင်းအမျိုးအစားကို ပြည်သူ့ကာကွယ်ရေးအဖွဲ့- မုံရွာမြို့နယ်က ယနေ့(သြဂုတ် ၁၂ ရက်) ထုတ်ပြန်သည်။

၎င်းတို့ ထုတ်လုပ်ရေးစခန်းမှ ထုတ်လုပ်သော ပြောင်းအရစ်ပါ ဘောက်ထိုး ရိုင်ဖယ် (၅ ဒသမ၅၆ ကျည် နှင့် ၇ ဒသမ ၆၂ ကျည် အသုံးပြုလက်နက်ငယ်များ) ပါဝင်သည်။

အဆိုပါထုတ်လုပ်လျှက်ရှိသည့် လက်နက်၊ခဲယမ်းများကို မုံရွာမြို့နယ်(ပကဖ)၏ လမ်းညွန်မှုနှင့်အညီ ဖွဲ့စည်ထားသော ကျေးရွာ (ပကဖ)များအတွက် အဓိကထုတ်လုပ်ဖြန့်ဝေပေးလျှက်ရှိကြောင်း ဖော်ပြသည်။

လက်ရှိအချိန်ထိ လက်နက်ငယ် အလက် (၅ဝ)ကျော်နှင့် မိုင်းအမျိုးမျိုး အလုံး (၃၀၀) ကျော်ကို ဖြန့်ဝေပေးပြီး​ကြောင်းလည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့​က သီတင်းကျွတ်ဘုရားကြီးပွဲလာသူအချို့ရဲ့ ဆိုင်ကယ်နဲ့ သုံးဘီးဆိုက်တွဲတွေ ပျောက်ဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာရွှေဂူနီဘုရားဝင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြေနဲ-အောင်သာလမ်းမှာ ရဲဘော်တစ်ဦးဟာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ပြီး ရုပ်အလောင်းလာကောက်မယ့်သူတွေကို စစ်တပ်က ကင်းပုန်းဝပ်ပြီး စောင့်နေကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်စခန်းတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook