Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့တွင် မြို့ပြစစ်ဆင်ရေးများပြုလုပ်ချိန် ရဲဘော်နှစ်ဦး ဖမ်းဆီးခံရ၊ တစ်ဦး သေ​ဆုံးဟုဆို

​မုံရွာအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ (၁၄)ဖွဲ့က ယနေ့(သြဂုတ် ၃ရက်)တွင် နံနက် ၉နာရီမှ ညနေ ၄နာရီအထိ စစ်ဆင်ရေးများပြုလုပ်မည်ဖြစ်၍ ပြည်သူများ အပြင်မထွက်ရန် သတိပေးခဲ့သည်။

(မုံရွာမြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရဲများအား ၂၀၂၁ ခုနှစ် အတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ - ဒေသခံ)
(မုံရွာမြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရဲများအား ၂၀၂၁ ခုနှစ် အတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ - ဒေသခံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် မြို့ပြစစ်ဆင်ရေးများပြုလုပ်ခဲ့ပြီး ရဲဘော်နှစ်ဦး ဖမ်းဆီးခံရကာ တစ်ဦးသေဆုံးကြောင်း ဒဿ Monywa PDF ပြောက်ကျား တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

​မုံရွာအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ (၁၄)ဖွဲ့က ယနေ့(သြဂုတ် ၃ရက်)တွင် နံနက် ၉နာရီမှ ညနေ ၄နာရီအထိ စစ်ဆင်ရေးများပြုလုပ်မည်ဖြစ်၍ ပြည်သူများ အပြင်မထွက်ရန် သတိပေးခဲ့သည်။

ယနေ့(သြဂုတ် ၃ရက်) နံနက် ၉နာရီ ၁၅ မိနစ်မှ ၉နာရီ ၂၃မိနစ်အထိ မုံရွာမြို့ပေါ်နှင့် အမြင့်လမ်း ကြောတစ်လျှောက် မုံရွာမြို့ရှိ ဗိုလ်တေဇလမ်း မန်ကျည်းအုပ်အနီး၊ အေးရိပ်သာလမ်း အ.ထ.က(၆) ရှေ့ စသည့်နေရာ သုံးနေရာတွင် သေနတ်တစ်ချက်စီ ပစ်ဖောက်ခဲ့ကြောင်း၊ မွန်းလွဲ ၁နာရီ ၄၅မိနစ် ခန့်တွင် ညောင်ပင်ဇောက်၌ ဗုံးနှစ်လုံး၊ ညနေ ၃နာရီ ၁၅မိနစ်က ဘိုးဘွားရိပ်သာ အဝိုင်းပတ်၊ စက်မှုဇုန်၊ ညောင်ပင်ဇောက် စသည့်နေရာများ၌ ဗုံးတစ်လုံးစီ ဖောက်ခွဲခဲ့ကြောင်း ဒဿ Monywa Pdf ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရဲဘော် နှစ်ဦးဖမ်းဆီးခံရပြီး တစ်ဦးသေဆုံးကြောင်း လက်တလောသိရသည်ဟု ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

ရဲဘော်နှစ်ယောက်ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ အသေးစိတ်ထုတ်ပြန် အသိပေးထားခြင်းမရှိပါ။ ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

မြို့ပြစစ်ဆင်ရေးများအားလည်းကောင်း၊ ရဲဘော်နှစ်ဦး ဖမ်းဆီးခံရခြင်း အားလည်းကောင်း ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အပြင်မထွက်ရန် ထုတ်ပြန်ချက်အား ပြ​ည်သူများအား ထိတ်လန့်စေလို၍ ထုတ်ပြန်ခြင်းမဟုတ်ဘဲ UG တပ်ပေါင်းစုအနေဖြင့် မြို့ပြကိုမစွန့်ခွာဘဲ ပြည်သူနှင့်တသားတည်းရှိနေသည်ကို သိရှိစေရန် ရည်ရွယ်ထုတ်ပြန် ရခြင်းဖြစ်ကြောင်း၊ နောက်နောင် ယခုကဲ့သို့ အရေးပေါ်ထုတ်ပြန် ကြေညာလျှင် လည်း လိုက်နာပေးကြရန် ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုးစစ်စတင်သည့် နေ့၌ပင် စစ်ကောင်စီတပ်စခန်း ကြီးငယ် ၁၀ ခုကိုသိမ်းပိုက်ရရှိခဲ့ပြီး နောက်ပိုင်းရက်များတွင်လည်း စစ်ကောင်စီတပ်ရင်းဌာနချုပ်များ၊ ဗျူဟာစခန်းများ၊ ကာကင်းစခန်းများ ကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၏ ရည်မှန်းချက်သည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တစ်ခုတည်းမဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံသစ် တည်ဆောက်ရန် ဖြစ်ကြောင်း ပြောသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။