Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် မြို့ပြစစ်ဆင်ရေးများပြုလုပ်ချိန် ရဲဘော်နှစ်ဦး ဖမ်းဆီးခံရ၊ တစ်ဦး သေ​ဆုံးဟုဆို

​မုံရွာအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ (၁၄)ဖွဲ့က ယနေ့(သြဂုတ် ၃ရက်)တွင် နံနက် ၉နာရီမှ ညနေ ၄နာရီအထိ စစ်ဆင်ရေးများပြုလုပ်မည်ဖြစ်၍ ပြည်သူများ အပြင်မထွက်ရန် သတိပေးခဲ့သည်။

(မုံရွာမြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရဲများအား ၂၀၂၁ ခုနှစ် အတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ - ဒေသခံ)
(မုံရွာမြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရဲများအား ၂၀၂၁ ခုနှစ် အတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ - ဒေသခံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် မြို့ပြစစ်ဆင်ရေးများပြုလုပ်ခဲ့ပြီး ရဲဘော်နှစ်ဦး ဖမ်းဆီးခံရကာ တစ်ဦးသေဆုံးကြောင်း ဒဿ Monywa PDF ပြောက်ကျား တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

​မုံရွာအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ (၁၄)ဖွဲ့က ယနေ့(သြဂုတ် ၃ရက်)တွင် နံနက် ၉နာရီမှ ညနေ ၄နာရီအထိ စစ်ဆင်ရေးများပြုလုပ်မည်ဖြစ်၍ ပြည်သူများ အပြင်မထွက်ရန် သတိပေးခဲ့သည်။

ယနေ့(သြဂုတ် ၃ရက်) နံနက် ၉နာရီ ၁၅ မိနစ်မှ ၉နာရီ ၂၃မိနစ်အထိ မုံရွာမြို့ပေါ်နှင့် အမြင့်လမ်း ကြောတစ်လျှောက် မုံရွာမြို့ရှိ ဗိုလ်တေဇလမ်း မန်ကျည်းအုပ်အနီး၊ အေးရိပ်သာလမ်း အ.ထ.က(၆) ရှေ့ စသည့်နေရာ သုံးနေရာတွင် သေနတ်တစ်ချက်စီ ပစ်ဖောက်ခဲ့ကြောင်း၊ မွန်းလွဲ ၁နာရီ ၄၅မိနစ် ခန့်တွင် ညောင်ပင်ဇောက်၌ ဗုံးနှစ်လုံး၊ ညနေ ၃နာရီ ၁၅မိနစ်က ဘိုးဘွားရိပ်သာ အဝိုင်းပတ်၊ စက်မှုဇုန်၊ ညောင်ပင်ဇောက် စသည့်နေရာများ၌ ဗုံးတစ်လုံးစီ ဖောက်ခွဲခဲ့ကြောင်း ဒဿ Monywa Pdf ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရဲဘော် နှစ်ဦးဖမ်းဆီးခံရပြီး တစ်ဦးသေဆုံးကြောင်း လက်တလောသိရသည်ဟု ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

ရဲဘော်နှစ်ယောက်ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ အသေးစိတ်ထုတ်ပြန် အသိပေးထားခြင်းမရှိပါ။ ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

မြို့ပြစစ်ဆင်ရေးများအားလည်းကောင်း၊ ရဲဘော်နှစ်ဦး ဖမ်းဆီးခံရခြင်း အားလည်းကောင်း ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အပြင်မထွက်ရန် ထုတ်ပြန်ချက်အား ပြ​ည်သူများအား ထိတ်လန့်စေလို၍ ထုတ်ပြန်ခြင်းမဟုတ်ဘဲ UG တပ်ပေါင်းစုအနေဖြင့် မြို့ပြကိုမစွန့်ခွာဘဲ ပြည်သူနှင့်တသားတည်းရှိနေသည်ကို သိရှိစေရန် ရည်ရွယ်ထုတ်ပြန် ရခြင်းဖြစ်ကြောင်း၊ နောက်နောင် ယခုကဲ့သို့ အရေးပေါ်ထုတ်ပြန် ကြေညာလျှင် လည်း လိုက်နာပေးကြရန် ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။