Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြစ်သာဆည်ဘောင်၌ စစ်ကောင်စီထောင်ထားသည်ဟု ယူဆရသည့်မိုင်းများတွေ့ရ၍ ပြည်သူများ ဆည်ဘောင်သို့မသွားရန် CDF-KKG အသိပေး

CDF-KKGသည် စစ်ကိုင်း – ချင်းဒေသအစပ်ရှိတော်လှန်ရေးတပ်များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် တပ်ဖွဲ့ဖြစ်သည်။

(ဆည်​ဘောင်တွင်​ထောင်ထားခဲ့​သော မိုင်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CDF-KKG)
(ဆည်​ဘောင်တွင်​ထောင်ထားခဲ့​သော မိုင်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CDF-KKG)

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြစ်သာဆည်ဘောင် အက်ကွဲကြောင်းများထဲတွင် သုံးလုံးတွဲ တစ်တောင်ခန့်ရှိ မိုင်းများ ထောင်ထားသည်ကိုတွေ့ရှိရကြောင်း ကလေး-ကဘော်-ဂန့်ဂေါဒေသ ချင်းကာကွယ်ရေးတပ်(CDF KKG)က သတင်းထုတ်ပြန်သည်။

အဆိုပါမိုင်းများကို စစ်ကောင်စီတပ်က ထောင်ထားသည်ဟု ယူဆရကြောင်း CDF-KKGက အသိ​ပေးထားသည်။

(ဆည်​ဘောင်တွင်​ထောင်ထားခဲ့​သော မိုင်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CDF-KKG)
(ဆည်​ဘောင်တွင်​ထောင်ထားခဲ့​သော မိုင်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CDF-KKG)

အနီးအနားရှိ တော်လှန်ရေးတပ်ဖွဲ့များထံသို့ ဆက်သွယ်ချက်အရ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့်ထိုသို့မိုင်ထောင်ထားခြင်းမရှိကြောင်း ဖော်ပြထားသည်။

ပြည်သူများအနေဖြင့် ဆည်ဘောင်ပေါ်သို့လုံး၀မသွားကြရန်လည်း အသိပေးထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

CDF-KKGသည် စစ်ကိုင်း – ချင်းဒေသအစပ်ရှိတော်လှန်ရေးတပ်များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် တပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။