Connect with us

Hi, what are you looking for?

သတင်း

မြစ်သာဆည်ဘောင်၌ စစ်ကောင်စီထောင်ထားသည်ဟု ယူဆရသည့်မိုင်းများတွေ့ရ၍ ပြည်သူများ ဆည်ဘောင်သို့မသွားရန် CDF-KKG အသိပေး

CDF-KKGသည် စစ်ကိုင်း – ချင်းဒေသအစပ်ရှိတော်လှန်ရေးတပ်များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် တပ်ဖွဲ့ဖြစ်သည်။

(ဆည်​ဘောင်တွင်​ထောင်ထားခဲ့​သော မိုင်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CDF-KKG)
(ဆည်​ဘောင်တွင်​ထောင်ထားခဲ့​သော မိုင်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CDF-KKG)

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြစ်သာဆည်ဘောင် အက်ကွဲကြောင်းများထဲတွင် သုံးလုံးတွဲ တစ်တောင်ခန့်ရှိ မိုင်းများ ထောင်ထားသည်ကိုတွေ့ရှိရကြောင်း ကလေး-ကဘော်-ဂန့်ဂေါဒေသ ချင်းကာကွယ်ရေးတပ်(CDF KKG)က သတင်းထုတ်ပြန်သည်။

အဆိုပါမိုင်းများကို စစ်ကောင်စီတပ်က ထောင်ထားသည်ဟု ယူဆရကြောင်း CDF-KKGက အသိ​ပေးထားသည်။

(ဆည်​ဘောင်တွင်​ထောင်ထားခဲ့​သော မိုင်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CDF-KKG)
(ဆည်​ဘောင်တွင်​ထောင်ထားခဲ့​သော မိုင်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CDF-KKG)

အနီးအနားရှိ တော်လှန်ရေးတပ်ဖွဲ့များထံသို့ ဆက်သွယ်ချက်အရ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့်ထိုသို့မိုင်ထောင်ထားခြင်းမရှိကြောင်း ဖော်ပြထားသည်။

ပြည်သူများအနေဖြင့် ဆည်ဘောင်ပေါ်သို့လုံး၀မသွားကြရန်လည်း အသိပေးထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

CDF-KKGသည် စစ်ကိုင်း – ချင်းဒေသအစပ်ရှိတော်လှန်ရေးတပ်များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် တပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။