Connect with us

Hi, what are you looking for?

သတင်း

PDF-KNU Kyaukkyi Facebook စာမျက်နှာသည် KNUနှင့် လုံးဝပတ်သက်မှုမရှိဟု အသိပေးထုတ်ပြန်

စစ်ဘေးရှောင်များအတွက်လည်း အလှူခံနေကြောင်းကိုလည်း အဆိုပါ Facebook စာမျက်နှာမှ တစ်ဆင့် ပြုလုပ်လျက်ရှိသည်။

PDF-KNU Kyaukkyi Facebook စာမျက်နှာသည် KNUနှင့် လုံး၀ပတ်သက်မှုမရှိဟု အသိပေးထုတ်ပြန်
PDF-KNU Kyaukkyi Facebook စာမျက်နှာသည် KNUနှင့် လုံး၀ပတ်သက်မှုမရှိဟု အသိပေးထုတ်ပြန်

စစ်ရေးသတင်းများ ဖော်ပြပြီး အလှူငွေများ လက်ခံနေသည့် PDF-KNU Kyaukkyi Facebook စာမျက်နှာနှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)က ၎င်းတို့နှင့် လုံး၀ ပတ်သက်မှုမရှိကြောင်း ပြည်သူလူထုအား အသိပေးထုတ်ပြန်ခဲ့သည်။

အဆိုပါ PDF-KNU Kyaukkyi အမည်ရှိ Facebook စာမျက်နှာသည် ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေ ညောင်လေးပင်ခရိုင် အတွင်း စစ်ရေး အခြေအနေများကို ဖော်ပြနေပြီး တစ်ဖက်တွင်လည်း ပြည်တွင်း ပြည်ပ ပြည်သူလူထုများက လှူဒါန်းသည့် အလှူငွေများ လက်ခံရရှိကြောင်း အသိပေးဖော်ပြလျက်ရှိသည်ကို​တွေ့ရသည်။

ယင်း Facebook စာမျက်နှာအနေဖြင့် အခြား သတင်းဌာနက ဖော်ပြသည့် စစ်ရေးသတင်းများ၊ KNUက ထုတ်ပြန်သည့် စစ်ရေးသတင်းများကို ကူးယူ ဖော်ပြခြင်းများ ပြုလုပ်ခဲ့သည်။

စစ်ဘေးရှောင်များအတွက်လည်း အလှူခံနေကြောင်းကိုလည်း အဆိုပါ Facebook စာမျက်နှာမှ တစ်ဆင့် ပြုလုပ်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

KNU အနေဖြင့် ယခင်ကလည်း အဆိုပါ PDF-KNU Kyaukkyi (ယခင်က KNU-PDF Kyaukkyi) အမည်ရှိ Facebook စာမျက်နှာနှင့်ပတ်သက်ပြီး အသိပေးချက်ထုတ်ပြန်ထားပြီး ၎င်း စာမျက်နှာမှ တဆင့် အလှူခံနေခြင်းအပေါ် ကန့်ကွက်ရှုတ်ချကာ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဟု အသိပေးခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook