စစ်ရေးသတင်းများ ဖော်ပြပြီး အလှူငွေများ လက်ခံနေသည့် PDF-KNU Kyaukkyi Facebook စာမျက်နှာနှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)က ၎င်းတို့နှင့် လုံး၀ ပတ်သက်မှုမရှိကြောင်း ပြည်သူလူထုအား အသိပေးထုတ်ပြန်ခဲ့သည်။
အဆိုပါ PDF-KNU Kyaukkyi အမည်ရှိ Facebook စာမျက်နှာသည် ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေ ညောင်လေးပင်ခရိုင် အတွင်း စစ်ရေး အခြေအနေများကို ဖော်ပြနေပြီး တစ်ဖက်တွင်လည်း ပြည်တွင်း ပြည်ပ ပြည်သူလူထုများက လှူဒါန်းသည့် အလှူငွေများ လက်ခံရရှိကြောင်း အသိပေးဖော်ပြလျက်ရှိသည်ကိုတွေ့ရသည်။
ယင်း Facebook စာမျက်နှာအနေဖြင့် အခြား သတင်းဌာနက ဖော်ပြသည့် စစ်ရေးသတင်းများ၊ KNUက ထုတ်ပြန်သည့် စစ်ရေးသတင်းများကို ကူးယူ ဖော်ပြခြင်းများ ပြုလုပ်ခဲ့သည်။
စစ်ဘေးရှောင်များအတွက်လည်း အလှူခံနေကြောင်းကိုလည်း အဆိုပါ Facebook စာမျက်နှာမှ တစ်ဆင့် ပြုလုပ်လျက်ရှိသည်။

Public Service Announcement
KNU အနေဖြင့် ယခင်ကလည်း အဆိုပါ PDF-KNU Kyaukkyi (ယခင်က KNU-PDF Kyaukkyi) အမည်ရှိ Facebook စာမျက်နှာနှင့်ပတ်သက်ပြီး အသိပေးချက်ထုတ်ပြန်ထားပြီး ၎င်း စာမျက်နှာမှ တဆင့် အလှူခံနေခြင်းအပေါ် ကန့်ကွက်ရှုတ်ချကာ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဟု အသိပေးခဲ့ဖူးသည်။


















































