Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လက်တွေ့လုပ်ဆောင်မည့်ကိစ္စရပ်များ စတင်တော့မည်ဟု ကေအဲန်ယူနှင့် အန်အယ်လ်ဒီအကြား သဘောတူညီမှုရ

ကေအဲန်ယူနှင့် အန်အယ်လ်ဒီတို့အကြား စတုတ္ထအကြိမ်တွေ့ဆုံမှုဖြစ်ပြီး မြန်မာ့နိုင်ငံရေးလတ်တလောအခြေအနေများနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

(NLD နှင့် KNU တာဝန်ရှိသူများ တွေ့ဆုံနေစဉ်)
(NLD နှင့် KNU တာဝန်ရှိသူများ တွေ့ဆုံနေစဉ်)

ကေအဲန်ယူ(ကရင်အမျိုးသားအစည်းအရုံး)နှင့် အန်အယ်လ်ဒီ ဗဟိုအလုပ်ကော်မတီတို့သည် ယမန်နေ့တွင် ထပ်မံတွေ့ဆုံခဲ့ပြီး လက်တွေ့လုပ်ဆောင်မည့်ကိစ္စရပ်များ စတင်တော့မည်ဟု သိရသည်။

ကေအဲန်ယူနှင့် အန်အယ်လ်ဒီတို့အကြား စတုတ္ထအကြိမ်တွေ့ဆုံမှုဖြစ်ပြီး မြန်မာ့နိုင်ငံရေးလတ်တလောအခြေအနေများနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

“လတ်တလောနိုင်ငံရေးအခြေအနေများအပေါ် အခြေခံပြီး နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံမှုကိစ္စရပ်တွေနဲ့ပတ်သက်ပြီးလက်တွဲလုပ်ကြမယ်ဆိုပြီးတော့ သဘောတူခဲ့ကြပါတယ်။ ဒီတစ်ခေါက်မှာ ထူးခြားတာကတော့ တကယ်လက်တွေ့လုပ်မယ့်ဟာတွေ စတော့မယ်ဆိုတဲ့သဘောမျိုးလို့ ပြောလို့ရပါတယ်” ဟု အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

အထက်ပါအစည်းအဝေးသို့ ကေအဲန်ယူ ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး နှင့် အမြဲတမ်းဗဟိုကော်မတီဝင်များဖြစ်သော ပဒိုစောတောနီး၊ ပဒိုစောတာနာထူးစော၊ ပဒိုစောအဲကလူစေး၊ အန်အယ်လ်ဒီ ဗဟိုအလုပ်ကော်မတီမှ ဦးအောင်ကြည်ညွန့်၊ ဒေါက်တာမေဝင်းမြင့်၊ ဒေါက်တာခင်ဆောင်၊ ဦးထွန်းမြင့်၊ ဦးကျော်ထွေး ၊ ဦးမျိုးနိုင် တို့တက်ရောက်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။