Connect with us

Hi, what are you looking for?

သတင်း

လက်တွေ့လုပ်ဆောင်မည့်ကိစ္စရပ်များ စတင်တော့မည်ဟု ကေအဲန်ယူနှင့် အန်အယ်လ်ဒီအကြား သဘောတူညီမှုရ

ကေအဲန်ယူနှင့် အန်အယ်လ်ဒီတို့အကြား စတုတ္ထအကြိမ်တွေ့ဆုံမှုဖြစ်ပြီး မြန်မာ့နိုင်ငံရေးလတ်တလောအခြေအနေများနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

(NLD နှင့် KNU တာဝန်ရှိသူများ တွေ့ဆုံနေစဉ်)
(NLD နှင့် KNU တာဝန်ရှိသူများ တွေ့ဆုံနေစဉ်)

ကေအဲန်ယူ(ကရင်အမျိုးသားအစည်းအရုံး)နှင့် အန်အယ်လ်ဒီ ဗဟိုအလုပ်ကော်မတီတို့သည် ယမန်နေ့တွင် ထပ်မံတွေ့ဆုံခဲ့ပြီး လက်တွေ့လုပ်ဆောင်မည့်ကိစ္စရပ်များ စတင်တော့မည်ဟု သိရသည်။

ကေအဲန်ယူနှင့် အန်အယ်လ်ဒီတို့အကြား စတုတ္ထအကြိမ်တွေ့ဆုံမှုဖြစ်ပြီး မြန်မာ့နိုင်ငံရေးလတ်တလောအခြေအနေများနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

“လတ်တလောနိုင်ငံရေးအခြေအနေများအပေါ် အခြေခံပြီး နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံမှုကိစ္စရပ်တွေနဲ့ပတ်သက်ပြီးလက်တွဲလုပ်ကြမယ်ဆိုပြီးတော့ သဘောတူခဲ့ကြပါတယ်။ ဒီတစ်ခေါက်မှာ ထူးခြားတာကတော့ တကယ်လက်တွေ့လုပ်မယ့်ဟာတွေ စတော့မယ်ဆိုတဲ့သဘောမျိုးလို့ ပြောလို့ရပါတယ်” ဟု အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

အထက်ပါအစည်းအဝေးသို့ ကေအဲန်ယူ ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး နှင့် အမြဲတမ်းဗဟိုကော်မတီဝင်များဖြစ်သော ပဒိုစောတောနီး၊ ပဒိုစောတာနာထူးစော၊ ပဒိုစောအဲကလူစေး၊ အန်အယ်လ်ဒီ ဗဟိုအလုပ်ကော်မတီမှ ဦးအောင်ကြည်ညွန့်၊ ဒေါက်တာမေဝင်းမြင့်၊ ဒေါက်တာခင်ဆောင်၊ ဦးထွန်းမြင့်၊ ဦးကျော်ထွေး ၊ ဦးမျိုးနိုင် တို့တက်ရောက်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။