Connect with us

Hi, what are you looking for?

သတင်း

အိမ်မှာကျန်ခဲ့တဲ့ တိရစ္ဆာန်တွေကိုပြန်လာကြည့်တဲ့ရွာသားနှစ်ဦးကို စစ်တပ်ကပစ်သတ်ခဲ့တယ်လို့ KNU ထုတ်ပြန်

အဆိုပါရွာသားနှစ်ဦးဟာ ကျေးရွာအတွင်း ကျန်ရှိနေတဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို ပြန်လာကြည့်ချိန်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်တာခံခဲ့ရတာဖြစ်ပါတယ်။

KNU
KNU

ရွာထဲကအိမ်မှာကျန်ခဲ့တဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုပြန်လာကြည့်တဲ့ ဒေသခံအရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်ပြီး သတ်ဖြတ်လိုက်တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ခလယ်လွီထူခရိုင် မူး(မုန်း)မြို့နယ်ထဲမှာဖြစ်ပွားခဲ့တာပါ။

ပြီးခဲ့တဲ့ဩဂုတ်(၁၇)ရက်နေ့ မနက်(၁၀)နာရီအချိန်က ကေအဲန်ယူ-မူးမြို့နယ် ကျွန်းပင်ဆိပ်ကျေးရွာမှာ စခန်းချတဲ့ စစ်ကောင်စီရဲ့ ခမရ(၆၀၃)တပ်ရင်းဟာ အသက်(၅၀)နှစ်အရွယ် စာဘူးတောင်းရွာသားတစ်ဦးနဲ့ အသက်(၄၅)နှစ်အရွယ် မဲမဲရွာသားတစ်ဦးတို့ကို သတ်ဖြတ်လိုက်ပြီး မသတ်ခင်မှာ ညှဉ်းပန်းနှိပ်စက်ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါရွာသားနှစ်ဦးဟာ ကျေးရွာအတွင်း ကျန်ရှိနေတဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို ပြန်လာကြည့်ချိန်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်တာခံခဲ့ရတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဟာ ကျေးရွာတွေထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ခတ်တာ ကျေးရွာနေပြည်သူလူထုတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ပြီး အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ကျေးရွာနေပြည်သူလူထုတွေဟာ အိုးအိမ်စွန့်ခွာကာ ရွာလုံးကျွတ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကေအဲန်ယူကဆိုပါတယ်။

အခုလို ထွက်ပြေးတိမ်းရှောင်ရတာကြောင့် ရွာသားတွေရဲ့ ပစ္စည်းဥစ္စာနဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို သိမ်းဆည်းချိန်မရခဲ့ဘဲ ကိုယ်လွတ်ရုတ်းထွက်ပြေးကြရပြီး စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်းကိုဝင်ရောက်ကာ ရွာသားတွေရဲ့ နေအိမ်တွေကို မွှေနှောက်တာ၊ ဖျက်ဆီးတာ၊ တန်းဖိုးရှိတဲ့ပစ္စည်းတွေကို သိမ်းယူတာနဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို ဖမ်းဆီးသတ်ဖြတ်တာတွေအပြင် ပြန်လည်ရောင်းချတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။