Connect with us

Hi, what are you looking for?

သတင်း

အဝေးပြေးကားလက်မှတ်ဝယ်တဲ့ ခရီးသည်တွေရဲ့ ကိုယ်ရေးအချက်အလက်ယူထားဖို့ စစ်ကောင်စီညွှန်ကြား

ခရီးသွား ကားပေါ်တက်တဲ့အခါမှာလည်း ဝယ်ယူထားတဲ့ခုံနံပါတ်နဲ့ မှတ်ပုံတင် ကိုက်ညီမှု ရှိမရှိကို တိုက်စစ်ရမယ်လို့ စစ်ကောင်စီက တင်းကျပ်လိုက်ပါသေးတယ်။

ရတနာပုံတံတားပစ်ခတ်မှုမှာ ခရီးသည် ၂ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ
ရတနာပုံတံတားပစ်ခတ်မှုမှာ ခရီးသည် ၂ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

အဝေးပြေးကားလက်မှတ်ရောင်းချရာမှာ ခရီးသွားမယ့်သူရဲ့ ကိုယ်ရေးအချက်အလက်အပြည့်အစုံကို ရယူထားဖို့ စစ်ကောင်စီက ကားလက်မှတ်ရောင်းချတဲ့ဂိတ်တွေကို ညွှန်ကြားလိုက်ပါတယ်။

ကားလက်မှတ်ရောင်းချတဲ့အခါ ခရီးသည်အမည် ၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ရယူထားပြီးမှ လက်မှတ်ရောင်းရမယ်လို့ စစ်ကောင်စီရဲ့ ညွှန်ကြားချက်မှာ ပါရှိပါတယ်။

လမ်းခုလတ်ကနေ လိုက်ပါမယ့် ခရီးသည်တွေကိုလည်းအလားတူ အချက်အလက်ကောက်ခံရမယ်လို့ သိရပါတယ်။

ခရီးသွား ကားပေါ်တက်တဲ့အခါမှာလည်း ဝယ်ယူထားတဲ့ခုံနံပါတ်နဲ့ မှတ်ပုံတင် ကိုက်ညီမှု ရှိမရှိကို တိုက်စစ်ရမယ်လို့ စစ်ကောင်စီက တင်းကျပ်လိုက်ပါသေးတယ်။

Public Service Announcement

Public Service Announcement

ဒီညွှန်ကြားချက်ကို ရတနာပုံတံတား စစ်ကောင်စီဂိတ်မှာ အဝေးပြေးကားကိုစစ်ဆေးချိန် ကားပေါ်မှာပါလာတဲ့ PDF တပ်ဖွဲ့ဝင်တွေနဲ့ ပစ်ခတ်မှုဖြစ်စဉ်အပြီး နောက်တစ်ရက်သြဂုတ်လ ၁၈ ရက်မှာစစ်ကောင်စီဘက်ကထုတ်လိုက်တာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။