Connect with us

Hi, what are you looking for?

News

နွေဦးထီကိုပြည်သူတွေအားပေးနေချိန်မှာ အောင်ဘာလေထီဆုငွေပမာဏတိုးမြှင့်လိုက်တဲ့ စစ်ကောင်စီ

လိုထီထိုးသူဦးရေ ကျဆင်းလာတာကြောင့် စစ်အာဏာမသိမ်းခင် က အမြင့်ဆုံးဆု ကျပ်သိန်းတစ်သောင်းခွဲ ချီးမြှင့်ခဲ့ပေမယ့် အာဏာသိမ်းပြီးတဲ့နောက်မှာတော့ အမြင့်ဆုံးဆုကို ကျပ်သိန်းငါးထောင်ဆုသာ ချီးမြှင့်နိုင်တဲ့အခြေအနေ ဖြစ်ခဲ့တာပါ။

အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ နွေဦးထီ ကို ပြည်သူတွေ အလုအယက်အားပေးနေကြတဲ့အချိန်မှာ စစ်ကောင်စီဟာ အောင်ဘာလေထီဆုကြေးကို တိုးမြှင့်လိုက်သလို ဆုကြေးကိုလည်းအပြည့်ထုတ်ယူနိုင်မယ်လို့ကြေညာလာပါတယ်။

အွန်လိုင်းကနေ ရောင်းချတဲ့ နွေဦးထီကို ပြည်သူတွေရဲ့အားပေးမှု မြင့်တက်လာပြီးတဲ့နောက် စစ်ကောင်စီ က သူတို့ ရဲ့ ထီဆုကြေးကို တိုးမြှင့်လာတာလည်းဖြစ်ပါတယ်။

ယခင်က ထီစောင်ရေ ရောင်းရငွေရဲ့ ၆၀ ရာခိုင်နှုန်းကို ဆုကြေးပြန်ပေးခဲ့ရာကနေ အခုတော့ လာမယ့် စက်တင်ဘာလ ၁ ရက်ထီဖွင့်ပွဲကစပြီး ၇၀ ရာခိုင်နှုန်းအထိ ဆုကြေးပေးမယ်လို့ ကြေညာလာတာပါ။

ဒါအပြင် ကျပ်သိန်း ၅၀၀ အထိ ဆုကြေးကိုသာ တလုံးတခဲတည်းထုတ်ပေးရာကနေ အခုတော့ ဆုကြေးအားလုံးကို အပြည့် ထုတ်ယူနိုင်မယ်လို့ လည်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် စစ်အာဏာသိမ်း တာကိုဆန့်ကျင့်တဲ့အနေနဲ့ စစ်ကောင်စီ အခွန်ငွေ မရဖို့ ထီမထိုးရေး လှုံဆော်မှုတွေကြောင့် မြေပြင်မှာတော့ စစ်ကောင်စီရဲ့ထီ ထိုးမယ့်သူဟာမရှိသလောက်နည်းပါးနေတာကိုတွေ့ရပါတယ်။

ဒီလိုထီထိုးသူဦးရေ ကျဆင်းလာတာကြောင့် စစ်အာဏာမသိမ်းခင် က အမြင့်ဆုံးဆု ကျပ်သိန်းတစ်သောင်းခွဲ ချီးမြှင့်ခဲ့ပေမယ့် အာဏာသိမ်းပြီးတဲ့နောက်မှာတော့ အမြင့်ဆုံးဆုကို ကျပ်သိန်းငါးထောင်ဆုသာ ချီးမြှင့်နိုင်တဲ့အခြေအနေ ဖြစ်ခဲ့တာပါ။

ထီလက်မှတ်တွေမကုန်တဲ့အတွက် စစ်ကောင်စီဟာ ထီဖွင့်ရက်တွေကိုလည်း ရက်ရွှေ့ခဲ့ရတာတွေလည်းရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook