Connect with us

Hi, what are you looking for?

သတင်း

ဗြိတိန်သံအမတ်ဟောင်းနဲ့ခင်ပွန်းကို ထောင် ၅နှစ်ထိချလို့ရတဲ့ လဝက ပုဒ်မနဲ့ စစ်ကောင်စီအမှုဖွင့်

ဗီဇာထုတ်ပေးချိန်က နေထိုင်ရမယ့် လိပ်စာဟာ ရန်ကုန် ၊စမ်းချောင်းက ပန်းလှိုင်အိမ်ရာမှာဖြစ်ပေမယ့် အဲဒီလိပ်စာမှာ နေထိုင်တာမရှိဘဲ ကလောမှာ သွားရောက်နေထိုင်ခဲ့တယ်လို့စစ်ကောင်စီက ဆိုထားပါတယ်။

ဗြိတိန်သံအမတ်ကြီးဟောင်းကို စစ်ကောင်စီ ဖမ်းဆီး
ဗြိတိန်သံအမတ်ကြီးဟောင်းကို စစ်ကောင်စီ ဖမ်းဆီး

လိပ်စာပြောင်းရွှေ့နေထိုင်တာ လျှောက်ထားဖို့ ပျက်ကွယ်တယ်ဆိုပြီး စစ်ကောင်စီ အကြောင်းပြ ဖမ်ဆီး

မြန်မာနိုင်ငံမှာအခြေချနေထိုင်နေတဲ့ ဗြိတိန်သံအမတ်ဟောင်းမစ္စ ဗစ်ကီဘိုးမန်း ကို ဗီဇာနေထိုင်ခွင့်သက်တမ်းကျော်လွန်တာမရှိပေမယ့် အိမ်လိပ်စာပြောင်းတာကို လျှောက်ထားဖို့ပျက်ကွက်တယ်ဆိုကာ စစ်ကောင်စီက ဖမ်ဆီးလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းရဲ့ ဗီဇာသက်တမ်းဟာ လာမယ့် အောက်တိုဘာအထိဖြစ်ပါတယ်။

ဗီဇာထုတ်ပေးချိန်က နေထိုင်ရမယ့် လိပ်စာဟာ ရန်ကုန် ၊စမ်းချောင်းက ပန်းလှိုင်အိမ်ရာမှာဖြစ်ပေမယ့် အဲဒီလိပ်စာမှာ နေထိုင်တာမရှိဘဲ ကလောမှာ သွားရောက်နေထိုင်ခဲ့တယ်လို့စစ်ကောင်စီက ဆိုထားပါတယ်။

အဲဒီလို နေရပ်လိပ်စာပြောင်းရွှေ့နေထိုင်ရာမှာ လိပ်စာပြောင်းလျှောက်ထားဖို့ပျက်ကွက်တာကြောင့် လဝက ဥပဒေ ပုဒ်မ ၁၃ (၁) နဲ့ တရားစွဲထားတယ်လို့စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဗစ်ကီဘိုးမန်းရဲ့ ခင်ပွန်းဖြစ်သူ ဦးထိန်လင်း ကိုလည်း ဇနီးဖြစ်သူ လိပ်စာပြောင်းနေထိုင်တာကို သိပေမယ့် အားပေးအားမြှောက်လုပ်တယ်ဆိုကာ လဝက ဥပဒေ ပုဒ်မ ၁၃(င) နဲ့ စစ်ကောင်စီက တရားစွဲဆိုပါသေးတယ်။

အဲဒီပုဒ်မ ၂ ခုလုံးဟာ ထောင်ဒဏ် ၅ နှစ်အထိ ချနိုင်တဲ့ပုဒ်မတွေလည်းဖြစ်ပါတယ်။

ဗစ်ကီဘိုးမန်းတို့ ဇနီးမောင်နှံကို မနေ့က ညပိုင်းက စမ်းချောင်း ၊ပန်းလှိုင်က နေအိမ်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး အင်းစိန်ထောင်ကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။

ဖမ်းဆီးခံရသူ ဗစ်ကီဘိုးမန်းဟာ ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက် မှာ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် လေးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

အမျိုးသားဖြစ်သူ ဦးထိန်လင်းကတော့ ပန်းချီပညာရှင်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်ပါတယ်။

သံအမတ်တာဝန်ထမ်းဆောင်ပြီးနောက် အငြိမ်းစားယူကာ ရန်ကုန်မြို့မှာအခြေချနေထိုင်ပြီး မြန်မာ့နိုင်ငံရဲ့ စီးပွားရေးကဏ္ဍ တာဝန်ယူမှု တာဝန်ခံမှုရှိစေရေးအထောက်အကူပြုနိုင်ဖို့ (Myanmar Centre for Responsible Business – MCRB) ကို တည်ထောင်ကာဆောင်ရွက်နေသူဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အသက် ၁၆ နှစ်အရွယ် ကလေးတွေကို လူမှုကွန်ရက် မီဒီယာ အသုံးပြုခွင့် ပိတ်ပင်မယ့်အကြောင်း ဗြိတိန် အစိုးရက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ သမုဒ္ဒရာ အလယ်မှာ တည်ရှိပြီး ဗြိတိန် အစိုးရက လက်လွှတ်ဖို့ စီစဉ်နေတဲ့ ကျွန်းစုတစ်ခုကို အမေရိကန် အစိုးရက ဝယ်ယူဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

လေ့ကျင့်ပျံသန်းရင်း ဗြိတိန် တော်ဝင်ရေတပ် ရဟတ်ယာဉ် ပျက်ကျခဲ့တာကြောင့် ၃ ဦး သေဆုံးခဲ့ပါတယ်။