Connect with us

Hi, what are you looking for?

သတင်း

ဗြိတိန်သံအမတ်ကြီးဟောင်းကို စစ်ကောင်စီ ဖမ်းဆီး

မစ္စဗစ်ကီဘိုးမန်းဖမ်းဆီးခံရတာမှန်ကန်ကြောင်းကို ရန်ကုန်မြို့မှာရှိတဲ့ ဗြိတိန်သံရုံးက အတည်ပြုပေးတယ်လို့ ဘီဘီစီမြန်မာပိုင်းသတင်းဌာနကလည်း ဖော်ပြထားပါတယ်။

ဗြိတိန်သံအမတ်ကြီးဟောင်းကို စစ်ကောင်စီ ဖမ်းဆီး
ဗြိတိန်သံအမတ်ကြီးဟောင်းကို စစ်ကောင်စီ ဖမ်းဆီး

မြန်မာနိုင်ငံမှာအခြေချ နေထိုင်နေတဲ့ ဗြိတိန်သံအမတ်ကြီးဟောင်း မစ္စဗစ်ကီဘိုးမန်း တို့ လင်မယားကို မနေ့ကညပိုင်း က ရန်ကုန်နေအိမ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။

မစ္စဗစ်ကီဘိုးမန်းဖမ်းဆီးခံရတာမှန်ကန်ကြောင်းကို ရန်ကုန်မြို့မှာရှိတဲ့ ဗြိတိန်သံရုံးက အတည်ပြုပေးတယ်လို့ ဘီဘီစီမြန်မာပိုင်းသတင်းဌာနကလည်း ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူ ဗစ်ကီဘိုးမန်းဟာ ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက် မှာ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် လေးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

အမျိုးသားဖြစ်သူ ဦးထိန်လင်းကတော့ ပန်းချီပညာရှင်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သံအမတ်တာဝန်ထမ်းဆောင်ပြီးနောက် အငြိမ်းစားယူကာ ရန်ကုန်မြို့မှာအခြေချနေထိုင်ပြီး မြန်မာ့နိုင်ငံရဲ့ စီးပွားရေးကဏ္ဍ တာဝန်ယူမှု တာဝန်ခံမှုရှိစေရေးအထောက်အကူပြုနိုင်ဖို့ (Myanmar Centre for Responsible Business – MCRB) ကို တည်ထောင်ကာဆောင်ရွက်နေသူဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာတွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သြဂုတ် ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။