Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရှေ့တန်းစစ်မြေပြင်မှ KNU တပ်မဟာ(၁) နယ်မြေရှိ တော်လှန်ရေးတပ်ပေါင်းစုထံ ပူးပေါင်းလာသည့် စစ်သည်များကို ဂုဏ်ပြု

ထိုသို့လာရောက်ပူးပေါင်းသည့် ပြည်သူ့တပ်မတော်သားများအား ပထမအကြိမ် ကြိုဆိုဂုဏ်ပြုပွဲကို ဩဂုတ် ၂၈ရက်က ပြုလုပ်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

(စစ်​ကောင်စီတပ်ကို စွန့်ခွာ၍ ပြည်သူနှင့်ပူး​ပေါင်းလာသာ တပ်မ​​တော်သားများကို KNU တပ်မဟာ ၁ ကဂုဏ်ပြုစဥ်။ ဓါတ်ပုံ- KNUတပ်မဟာ ၁)
(စစ်​ကောင်စီတပ်ကို စွန့်ခွာ၍ ပြည်သူနှင့်ပူး​ပေါင်းလာသာ တပ်မ​​တော်သားများကို KNU တပ်မဟာ ၁ ကဂုဏ်ပြုစဥ်။ ဓါတ်ပုံ- KNUတပ်မဟာ ၁)

▪︎အာဏာရှင်များကို ပြန်တော်လှန်နိုင်သကဲ့သို့ အခက်အခဲ ရှိပါကလည်း ဘေးကင်းလုံခြုံစွာ လုပ်ကိုင် စားသောက်နိုင်ရန် စီစဉ်ပေးမည်ဟု အသိပေး

စစ်ကောင်စီလက်အောက်မှ ရုန်းထွက်ပြီး ရှေ့တန်းစစ်မြေပြင်မှတဆင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေရှိ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုံ နှင့် လာရောက်ပူးပေါင်းခဲ့သည့် စစ်သည်များကို KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီမှ ဦးစီး၍ ဂုဏ်ပြု ကြိုဆိုပွဲပြုလုပ်ခဲ့သည်။

ထိုသို့လာရောက်ပူးပေါင်းသည့် ပြည်သူ့တပ်မတော်သားများအား ပထမအကြိမ် ကြိုဆိုဂုဏ်ပြုပွဲကို ဩဂုတ် ၂၈ရက်က ပြုလုပ်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

(စစ်​ကောင်စီတပ်ကို စွန့်ခွာ၍ ပြည်သူနှင့်ပူး​ပေါင်းလာသာ တပ်မ​​တော်သားများကို KNU တပ်မဟာ ၁ ကဂုဏ်ပြုစဥ်။ ဓါတ်ပုံ- KNUတပ်မဟာ ၁)
(စစ်​ကောင်စီတပ်ကို စွန့်ခွာ၍ ပြည်သူနှင့်ပူး​ပေါင်းလာသာ တပ်မ​​တော်သားများကို KNU တပ်မဟာ ၁ ကဂုဏ်ပြုစဥ်။ ဓါတ်ပုံ- KNUတပ်မဟာ ၁)

လာရောက်ပူးပေါင်းသော ပြည်သူ့တပ်မတော်သားများအနေဖြင့် မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုနှင့် ပူးပေါင်းကာ အာဏာရှင်များကို ပြန်လည်တော်လှန်လိုပါက တော်လှန်နိုင်ပြီး ပူးပေါင်းတော်လှန်ရန် အခက်အခဲရှိလျှင်လည်း ဘေးကင်းလုံခြုံစွာ လုပ်ကိုင်စားသောက်ရန် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဌက ပြောကြားခဲ့သည်ဟုဆိုသည်။

အဆိုပါ မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီကို KNU တပ်မဟာ(၁) နှင့် ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF) အပါအဝင် တော်လှန်ရေး အင်အားစုများ စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး စုပေါင်းခေါင်းဆောင်မှုဖြင့် စစ်အာဏာရှင် ကို တိုက်ခိုက်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အာဏာရှင်ကိုဖြုတ်ချရန် လက်နက်ကိုင် တိုက်ပွဲဝင်သည့်နည်းလမ်းအပြင် တတ်နိုင်သည့် တစ်ဖက်တစ်လမ်းမှလည်း ပါဝင်လုပ်ဆောင်၍ရကြောင်း မိတ်ဖက်ရေးရာကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် လက်ရှိတာဝန်ထမ်းဆောင်လျှက်ရှိသော ပြည်သူ့တပ်မတော်သားများ အနေဖြင့်လည်း မတရားမှုကိုဆန့်ကျင်ပြီး မိတ်ဖက်တော်လှန်ရေး တပ်ပေါင်းစုနှင့် ပူးပေါင်းလိုပါက ယခုကဲ့သို့ပင် နွေးထွေးစွာကြိုဆိုသွားမည်ဟု အသိပေးခဲ့သည်။

အဆိုပါ အခမ်းအနားတွင် စစ်ကောင်စီတပ်မှ ရုန်းထွက်လာသည့် ပြည်သူ့တပ်မတော်သားများကို ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့သည်ဟုဆိုသည်။

KNU တပ်မဟာ(၁) နယ်မြေရှိ မိတ်ဖက်တော်လှန်ရေးအင်အားစုများထံ ပူးပေါင်းလာသည့် စစ်ကောင်စီတပ်သားအရေအတွက် မည်မျှရှိသည်ကိုမူ ယခု သတင်းထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။