Connect with us

Hi, what are you looking for?

သတင်း

ရှေ့တန်းစစ်မြေပြင်မှ KNU တပ်မဟာ(၁) နယ်မြေရှိ တော်လှန်ရေးတပ်ပေါင်းစုထံ ပူးပေါင်းလာသည့် စစ်သည်များကို ဂုဏ်ပြု

ထိုသို့လာရောက်ပူးပေါင်းသည့် ပြည်သူ့တပ်မတော်သားများအား ပထမအကြိမ် ကြိုဆိုဂုဏ်ပြုပွဲကို ဩဂုတ် ၂၈ရက်က ပြုလုပ်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

(စစ်​ကောင်စီတပ်ကို စွန့်ခွာ၍ ပြည်သူနှင့်ပူး​ပေါင်းလာသာ တပ်မ​​တော်သားများကို KNU တပ်မဟာ ၁ ကဂုဏ်ပြုစဥ်။ ဓါတ်ပုံ- KNUတပ်မဟာ ၁)
(စစ်​ကောင်စီတပ်ကို စွန့်ခွာ၍ ပြည်သူနှင့်ပူး​ပေါင်းလာသာ တပ်မ​​တော်သားများကို KNU တပ်မဟာ ၁ ကဂုဏ်ပြုစဥ်။ ဓါတ်ပုံ- KNUတပ်မဟာ ၁)

▪︎အာဏာရှင်များကို ပြန်တော်လှန်နိုင်သကဲ့သို့ အခက်အခဲ ရှိပါကလည်း ဘေးကင်းလုံခြုံစွာ လုပ်ကိုင် စားသောက်နိုင်ရန် စီစဉ်ပေးမည်ဟု အသိပေး

စစ်ကောင်စီလက်အောက်မှ ရုန်းထွက်ပြီး ရှေ့တန်းစစ်မြေပြင်မှတဆင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေရှိ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုံ နှင့် လာရောက်ပူးပေါင်းခဲ့သည့် စစ်သည်များကို KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီမှ ဦးစီး၍ ဂုဏ်ပြု ကြိုဆိုပွဲပြုလုပ်ခဲ့သည်။

ထိုသို့လာရောက်ပူးပေါင်းသည့် ပြည်သူ့တပ်မတော်သားများအား ပထမအကြိမ် ကြိုဆိုဂုဏ်ပြုပွဲကို ဩဂုတ် ၂၈ရက်က ပြုလုပ်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

(စစ်​ကောင်စီတပ်ကို စွန့်ခွာ၍ ပြည်သူနှင့်ပူး​ပေါင်းလာသာ တပ်မ​​တော်သားများကို KNU တပ်မဟာ ၁ ကဂုဏ်ပြုစဥ်။ ဓါတ်ပုံ- KNUတပ်မဟာ ၁)
(စစ်​ကောင်စီတပ်ကို စွန့်ခွာ၍ ပြည်သူနှင့်ပူး​ပေါင်းလာသာ တပ်မ​​တော်သားများကို KNU တပ်မဟာ ၁ ကဂုဏ်ပြုစဥ်။ ဓါတ်ပုံ- KNUတပ်မဟာ ၁)

လာရောက်ပူးပေါင်းသော ပြည်သူ့တပ်မတော်သားများအနေဖြင့် မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုနှင့် ပူးပေါင်းကာ အာဏာရှင်များကို ပြန်လည်တော်လှန်လိုပါက တော်လှန်နိုင်ပြီး ပူးပေါင်းတော်လှန်ရန် အခက်အခဲရှိလျှင်လည်း ဘေးကင်းလုံခြုံစွာ လုပ်ကိုင်စားသောက်ရန် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဌက ပြောကြားခဲ့သည်ဟုဆိုသည်။

အဆိုပါ မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီကို KNU တပ်မဟာ(၁) နှင့် ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF) အပါအဝင် တော်လှန်ရေး အင်အားစုများ စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး စုပေါင်းခေါင်းဆောင်မှုဖြင့် စစ်အာဏာရှင် ကို တိုက်ခိုက်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အာဏာရှင်ကိုဖြုတ်ချရန် လက်နက်ကိုင် တိုက်ပွဲဝင်သည့်နည်းလမ်းအပြင် တတ်နိုင်သည့် တစ်ဖက်တစ်လမ်းမှလည်း ပါဝင်လုပ်ဆောင်၍ရကြောင်း မိတ်ဖက်ရေးရာကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် လက်ရှိတာဝန်ထမ်းဆောင်လျှက်ရှိသော ပြည်သူ့တပ်မတော်သားများ အနေဖြင့်လည်း မတရားမှုကိုဆန့်ကျင်ပြီး မိတ်ဖက်တော်လှန်ရေး တပ်ပေါင်းစုနှင့် ပူးပေါင်းလိုပါက ယခုကဲ့သို့ပင် နွေးထွေးစွာကြိုဆိုသွားမည်ဟု အသိပေးခဲ့သည်။

အဆိုပါ အခမ်းအနားတွင် စစ်ကောင်စီတပ်မှ ရုန်းထွက်လာသည့် ပြည်သူ့တပ်မတော်သားများကို ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့သည်ဟုဆိုသည်။

KNU တပ်မဟာ(၁) နယ်မြေရှိ မိတ်ဖက်တော်လှန်ရေးအင်အားစုများထံ ပူးပေါင်းလာသည့် စစ်ကောင်စီတပ်သားအရေအတွက် မည်မျှရှိသည်ကိုမူ ယခု သတင်းထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။