Connect with us

Hi, what are you looking for?

သတင်း

ကောလင်း ပကဖ စခန်းကို လေကြောင်းပစ်ကူနှင့်အတူ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းတိုက်ခိုက်

စစ်ကောင်စီတပ်သည် ကျွန်းလှမြို့နယ်ရှိ ကျေးရွာများသို့လည်း စစ်ကြောင်းထိုး ဝင်ရောက်ကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။

ကောလင်းမြို့နယ်တွင်စစ်​ကောင်စီတပ်က ​လေ​ကြောင်းမှတိုက်ခိုက်ပြီးကျန်ခဲ့​သော ကျည်ခွံ ။ဓါတ်ပုံ- KLR
ကောလင်းမြို့နယ်တွင်စစ်​ကောင်စီတပ်က ​လေ​ကြောင်းမှတိုက်ခိုက်ပြီးကျန်ခဲ့​သော ကျည်ခွံ ။ဓါတ်ပုံ- KLR

▪︎ရဲဘော်များ ကျဆုံးမှုမရှိသော်လည်း စခန်းစွန့်လွှတ်ရဟု ပကဖ အသိပေး

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တပ်စခန်းနေရာကိုစစ်ကောင်စီတပ်ကလေကြောင်း ပစ်ကူရယူပြီးဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်းကောလင်း ပကဖ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က ဖော်ပြသည်။

ကောလင်း-ကျွန်းလှ- ကန့်ဘလူနယ်စပ်၌ ဩဂုတ် ၂၃ရက်က ဖြစ်ပွားသည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များကာ အရာရှိများ ဖမ်းဆီးခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်က ဒေသတွင်းသို့ စစ်အင်အားဖြည့်တင်းထိုးစစ်ဆင်လျက်ရှိသည်။

ကောလင်းပကဖတပ်ဖွဲ့ဝင်များစစ်သင်တန်းတစ်ခုတွင်​​တွေ့ရစဥ် ။ ဓါတ်ပုံ-KLR
ကောလင်းပကဖတပ်ဖွဲ့ဝင်များစစ်သင်တန်းတစ်ခုတွင်​​တွေ့ရစဥ် ။ ဓါတ်ပုံ-KLR

“စခန်းကို လေကြောင်းပစ်ကူနဲ့စခအင်အားတွေ ချပြီးဝင်ရောက်စီးနင်းတယ်၊အဲ့အချိန် ရဲဘော်တွေက ရှေ့တန်းရောက်နေကြတာ၊ကျန်ခဲ့တဲ့ရဲဘော်အချို့လည်းပစ်ဆုတ်ဆုတ်ခဲ့ရတယ်”ဟု ကောလင်း ရပ်ကျေး ပ က ဖ တာဝန်ခံတဦး၏ ပြောကြားချက်ကို ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ယမန်နေ့ညပိုင်း၌ ဖော်ပြသည်။ မည်သည့် နေ့ရက်တွင် စီးနင်းတိုက်ခိုက်ခံရသည်ကိုမူ ဖော်ပြမထားပေ။

စစ်ကောင်စီတပ်သည် ကျွန်းလှမြို့နယ်ရှိ ကျေးရွာများသို့လည်း စစ်ကြောင်းထိုး ဝင်ရောက်ကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၄၀ ​ကျော်​သေဆုံးပြီး အရာရှိ ၃ ဦးအအရှင်ဖမ်းမိကာစစ်တပ်အထိနာခဲ့သော တိုက်ပွဲဖြစ်ပွားရာနေရာအနီးရှိ ကောလင်းမြို့နယ် အောင်ချမ်းသာရွာကိုလည်း ဩဂုတ် ၂၄ရက်က စစ်ကောင်စီတပ်များ ဝင်ရောက်မီးရှို့ခဲ့ရာ ရွာလုံးကျွတ် မီးလောင်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့(ပ.က.ဖ)လှုပ်ရှားတပ်ဖွဲ့မှ ရဲဘော်တဦးက ဒေသခံတစ်ဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့မှုအတွက်ကျူးလွန်ခံရသူ မိသားစုထံ လှုပ်ရှားတပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင် အုန်း

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။