Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူ၊ ကျွန်းလှနှင့် ကောလင်းမြို့နယ်တို့ရှိ ဒေသခံသုံးသောင်းကျော် စစ်ရှောင်နေရ၊ အကူအညီများလိုအပ်နေ

ယင်းကျေးရွာများအနက် ရွာအချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ရာ ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျခဲ့သည့် ရွာလည်းပါဝင်သည်။

(ကျွန်းလှမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များအား ၂၀၂၁နိုဝင်ဘာအတွင်းက တွေ့ရစဥ်၊ ဓာတ်ပုံ - ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့)
(ကျွန်းလှမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များအား ၂၀၂၁နိုဝင်ဘာအတွင်းက တွေ့ရစဥ်၊ ဓာတ်ပုံ - ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့)

စစ်ကောင်စီတပ်၏ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းရှိ ကန့်ဘလူ၊ ကျွန်းလှနှင့် ကောလင်းမြို့နယ် များမှကျေးရွာပေါင်း ၃၄ရွာမှ ဒေသခံ ပြည်သူ သုံးသောင်းကျော် စစ်ဘေးရှောင်နေရပြီး အရေးပေါ် အကူအညီများလိုအပ်နေသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က သတင်းထုတ်ပြန်သည်။

ယင်းကျေးရွာများအနက် ရွာအချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ရာ ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျခဲ့သည့် ရွာလည်းပါဝင်သည်။

ဩဂုတ် ၂၃ရက်က တိုက်ပွဲပြင်းထန်ခဲ့သည့် နေရာအနီးရှိ ကောလင်းမြို့နယ် အောင်ချမ်းသာရွာကို စစ်ကောင်စီတပ်က ဩဂုတ် ၂၄ရက်တွင် မီးရှို့ခဲ့ရာ အိမ်ခြေ ၇၅ အိမ်ရှိသည့်အနက် ၇၃အိမ် မီးလောင်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

စစ်ရှောင်များအတွက် မိုးကာ၊ဖျာ၊အဝတ်အထည်၊ဆေးဝါးနှင့်တခြားအကူအညီများစွာ လိုအပ်လျှက်ရှိကြောင်း ဒေသခံများ၏ပြောကြားချက်ကို ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဩဂုတ် ၂၅ရက်တွင်လည်း ကျွန်းလှမြို့နယ် ရှိကျေးရွာများသို့ ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခြင်း၊ စစ်အင်အားအများအပြား ပို့ဆောင်ခြင်းပြုလုပ်ခဲ့ပြီး ဩဂုတ် ၂၆ရက်တွင် ကုန်းစည်းရွာနှင့် တည်ပင်ဆိပ်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

ကောလင်း၊ ကျွန်းလှ၊ ကန့်ဘလူ သုံးမြို့နယ်အဆက်ရှိ အောင်ချမ်းသာရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်က အများအပြားသေဆုံးပြီး အရာရှိများ ဖမ်းဆီးခံရကာ လက်နက်ခဲယမ်းများစွာကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းဆည်းရရှိခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်က အင်အားများစွာဖြင့် ဒေသတွင်းသို့ စီးနင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံရွာကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဒေသခံ အမျိုးသား၁၀ဦးကို ဖမ်းဆီးသွားပြီး အခုအထိ ဖမ်း‌ဆီးခံရသူတွေရဲ့သတင်းအစအန ပျောက်နေတယ်လို့ ဒေသခံတွေ‌က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံ လူငယ်နဲ့ လူလတ်ပိုင်း ၂၀ ကျော်ကို မေလ ၁၄ရက်မှာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ် နဲ့ ကချင်ပြည်နယ်အစပ် KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့မဘိမ်းမြို့နယ်အတွင်းတိုက်ပွဲ တွေဖြစ်လာနိုင်တာကြောင့်တပါတ်အတွင်း ဒေသခံပြည်သူတွေရှောင်တိမ်းကြဖို့ကချင်လွတ်လပ်ရေးတပ်မတော်( KIA)က သတိပေးထားတယ်လို့ ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ထုတ်ကုန်ပစ္စည်းတွေ မသုံးစွဲကြဖို့ တိုက်တွန်းနှိုးဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၂) မှာ ပြုလုပ်ခဲ့ပါတယ်။