Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကောလင်း ပကဖ စခန်းကို လေကြောင်းပစ်ကူနှင့်အတူ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းတိုက်ခိုက်

စစ်ကောင်စီတပ်သည် ကျွန်းလှမြို့နယ်ရှိ ကျေးရွာများသို့လည်း စစ်ကြောင်းထိုး ဝင်ရောက်ကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။

ကောလင်းမြို့နယ်တွင်စစ်​ကောင်စီတပ်က ​လေ​ကြောင်းမှတိုက်ခိုက်ပြီးကျန်ခဲ့​သော ကျည်ခွံ ။ဓါတ်ပုံ- KLR
ကောလင်းမြို့နယ်တွင်စစ်​ကောင်စီတပ်က ​လေ​ကြောင်းမှတိုက်ခိုက်ပြီးကျန်ခဲ့​သော ကျည်ခွံ ။ဓါတ်ပုံ- KLR

▪︎ရဲဘော်များ ကျဆုံးမှုမရှိသော်လည်း စခန်းစွန့်လွှတ်ရဟု ပကဖ အသိပေး

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တပ်စခန်းနေရာကိုစစ်ကောင်စီတပ်ကလေကြောင်း ပစ်ကူရယူပြီးဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်းကောလင်း ပကဖ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က ဖော်ပြသည်။

ကောလင်း-ကျွန်းလှ- ကန့်ဘလူနယ်စပ်၌ ဩဂုတ် ၂၃ရက်က ဖြစ်ပွားသည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များကာ အရာရှိများ ဖမ်းဆီးခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်က ဒေသတွင်းသို့ စစ်အင်အားဖြည့်တင်းထိုးစစ်ဆင်လျက်ရှိသည်။

ကောလင်းပကဖတပ်ဖွဲ့ဝင်များစစ်သင်တန်းတစ်ခုတွင်​​တွေ့ရစဥ် ။ ဓါတ်ပုံ-KLR
ကောလင်းပကဖတပ်ဖွဲ့ဝင်များစစ်သင်တန်းတစ်ခုတွင်​​တွေ့ရစဥ် ။ ဓါတ်ပုံ-KLR

“စခန်းကို လေကြောင်းပစ်ကူနဲ့စခအင်အားတွေ ချပြီးဝင်ရောက်စီးနင်းတယ်၊အဲ့အချိန် ရဲဘော်တွေက ရှေ့တန်းရောက်နေကြတာ၊ကျန်ခဲ့တဲ့ရဲဘော်အချို့လည်းပစ်ဆုတ်ဆုတ်ခဲ့ရတယ်”ဟု ကောလင်း ရပ်ကျေး ပ က ဖ တာဝန်ခံတဦး၏ ပြောကြားချက်ကို ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ယမန်နေ့ညပိုင်း၌ ဖော်ပြသည်။ မည်သည့် နေ့ရက်တွင် စီးနင်းတိုက်ခိုက်ခံရသည်ကိုမူ ဖော်ပြမထားပေ။

စစ်ကောင်စီတပ်သည် ကျွန်းလှမြို့နယ်ရှိ ကျေးရွာများသို့လည်း စစ်ကြောင်းထိုး ဝင်ရောက်ကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၄၀ ​ကျော်​သေဆုံးပြီး အရာရှိ ၃ ဦးအအရှင်ဖမ်းမိကာစစ်တပ်အထိနာခဲ့သော တိုက်ပွဲဖြစ်ပွားရာနေရာအနီးရှိ ကောလင်းမြို့နယ် အောင်ချမ်းသာရွာကိုလည်း ဩဂုတ် ၂၄ရက်က စစ်ကောင်စီတပ်များ ဝင်ရောက်မီးရှို့ခဲ့ရာ ရွာလုံးကျွတ် မီးလောင်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။