Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်း”

ဒီနေ့(ဩဂုတ် ၃၀ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎တော်လှန်ရေးအမြန်အောင်ဖို့ အစိုးရအဖွဲ့ဝင်တွေကို NUG ယာယီသမ္မတ တွန်းအားပေး

တော်လှန်ရေးအမြန်ဆုံး အဆုံးသတ်နိုင်ရေး အားစိုက်ကာ နည်းလမ်းမှန်မှန်နဲ့ လုပ်ဆောင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက အစိုးရအဖွဲ့ဝင်တွေကို တိုက်တွန်း လိုက်ပါတယ်။ ဒီနေ့ကျင်းပတဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ပူးပေါင်းလက်တွဲလုပ်ဆောင်ဖို့ တိုးချဲ့ရေးကိုလည်း ယာယီသမ္မတက ဆက် လက်တွန်းအားပေးပါတယ်။ ကတ်ဘိနက်အစည်းအဝေးမှာ CDM တွေရဲ့ ပေးဆပ်မှုနဲ့ လိုအပ်တဲ့ ထောက်ပံ့မှုတွေ လုပ်ဆောင်ဖို့လည်း ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

NUG ယာယီသမ္မတ နှင့်PDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-NUG
NUG ယာယီသမ္မတ နှင့်PDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-NUG

▪︎မဲဆောက်မှာ အဖမ်းခံရတဲ့သူတွေထဲ စစ်တပ်နဲ့ ရဲကတ်ကိုင်ဆောင်တွေပါဝင်

မနေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှာ အထောက်အထားမဲ့မြန်မာ ၃၈ ဦးအဖမ်းခံရပြီး အဲဒီ ထဲမှာ တော်လှန်ရေးအဖွဲ့တွေကို ထောက်လှမ်းဖို့ စစ်ကောင်စီက စေလွှတ်တဲ့ စစ်တပ်နဲ့ ရဲကတ် ကိုင်ဆောင်သူအချို့ ပါဝင်တာကို တွေ့ရပါတယ်။ ဖမ်းဆီးခံရတဲ့အထဲမှာ ဘုန်းကြီးနဲ့ မယ်သီလ ရှင်တွေလည်း ပါဝင်ပြီး လက်ရှိမှာတော့ သူတို့ကို လူဝတ်လဲပြီး ထိုင်းအာဏာပိုင်တွေက စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေလို့ သိရပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေဟာ ပြီးခဲ့တဲ့ ၃ လဝန်းကျင် ကတည်းက ရောက်ရှိနေတာဖြစ်ပြီး မဲဆောက်ရောက်ရှိနေသူတွေရဲ့ အချက်အလက် ကောက်ယူ တာမျိုးလည်း တဖက်လှည့်နဲ့လုပ်ဆောင်တယ်လို့ မြန်မာတစ်ယောက်က ပြောပါတယ်။

မဲ​ဆောက် သဘာဝတရားရိပ်သာတွင်အဖမ်းခံရသူများ၌ စစ်​ကောင်စီ​ထောက်လှမ်း​ရေးအချို့ပါပါဝင်​နေသည်။ ဓါတ်ပုံ-Matichon
မဲ​ဆောက် သဘာဝတရားရိပ်သာတွင်အဖမ်းခံရသူများ၌ စစ်​ကောင်စီ​ထောက်လှမ်း​ရေးအချို့ပါပါဝင်​နေသည်။ ဓါတ်ပုံ-Matichon

▪︎ရွှေတစ်ကျပ်သား ၃၂ သိန်း၊ တစ်ဒေါ်လာ ၃၇၀၀ ကျပ်အထိ ရောက်လာ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စံချိန်သစ်တွေ တင်ပြီးရင်း တင်နေတဲ့ ရွှေနဲ့ ဒေါ်လာစျေးဟာ ဒီနေ့ပြင်ပပေါက်စျေး အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၂ သိန်း၊ အမေရိကန်တစ်ဒေါ်လာ ၃၇၀၀ ကျပ်အထိ ရှိနေတယ်လို့ ပြည်တွင်းလုပ်ငန်းရှင်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

​ဒေါ်လာမှာ ​ဝယ်ယူသူသာရှိပြီး ​ရောင်းသူအလွန်နည်းပါ​နေသည်။ ဓါတ်ပုံ-EPA
​ဒေါ်လာမှာ ​ဝယ်ယူသူသာရှိပြီး ​ရောင်းသူအလွန်နည်းပါ​နေသည်။ ဓါတ်ပုံ-EPA

အဲဒီလို စံချိန်တင် စျေးတက်နေပေမယ့် စျေးကွက်အတွင်း ဒေါ်လာဝယ်ယူလို့ မရဘူးလို့လည်း ငွေလဲကောင်တာ ပိုင်ရှင်တွေက ဆိုပါတယ်။ နောက်ပြီး စစ်တပ်နဲ့နီးစပ်တဲ့ လုပ်ငန်းရှင် တွေကိုယ်တိုင် စစ်ကောင်စီကို မယုံကြည်တော့တာကြောင့် ရွှေနဲ့ဒေါ်လာကို ဝယ်စုနေတယ်လို့ လုပ်ငန်းရှင်ပြောပါတယ်။ စစ်သုံးဆီ စျေးနှုန်းဟာလည်း ဆက်လက်မြင့်တက်နေပြီး ဒီနေ့ ပရီမီယံဓာတ်ဆီတစ်လီတာကို ကျပ် ၃၃၃၅ ကျပ်အထိ မြင့်တက်လာပါတယ်။

ရွှေအသင်ူကသတ်မှတ်​ဈေးအတိုင်း​ရောင်းရမည်ဟု​ကြေညာပြီး​နောက်​နေ့​ရွှေ​ဈေးပိုတက်သွားသည်။ ဓါတ်ပုံ-KMJ
ရွှေအသင်ူကသတ်မှတ်​ဈေးအတိုင်း​ရောင်းရမည်ဟု​ကြေညာပြီး​နောက်​နေ့​ရွှေ​ဈေးပိုတက်သွားသည်။ ဓါတ်ပုံ-KMJ

▪︎အင်းစိန်မှာ တရားသူကြီးတစ်ဦးလိုက်ပါလာတဲ့ကား သေနတ်နဲ့အပစ်ခံရ

အင်းစိန်အကျဉ်းထောင်အထူးတရားရုံးကနေ ထွက်လာတဲ့ တရားသူကြီးနဲ့ ဥပဒေအရာရှိတွေ လိုက်ပါလာတဲ့ယာဉ် သေနတ်နဲ့အပစ်ခံရပြီး နှစ်ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဖြစ်စဉ်ဟာ ဒီနေ့မွန်းလွဲပိုင်းမှာ အင်းစိန်စျေးနဲ့ လဟာပြင်စျေးကြားဖြစ်ပွားခဲ့ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။

▪︎မုံရွာ မြ၀တီဘဏ်ရှေ့ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား သုံးဦးသေဟုဆို

မုံရွာမြို့ မြ၀တီဘဏ်ရှေ့ အစောင့်ချထားတဲ့ စစ်ကောင်စီတပ်ကို မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MPDF)က ဒီနေ့မွန်းလွဲပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံး ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အဲဒီတိုက်ခိုက်မှုကို တော်လှန်ရေးအဖွဲ့ ၄ ဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး အရပ်သားပြည်သူအချို့ ဆိုင်ကယ်စီးဖြတ်သန်းသွားလာတာကြောင့် စစ်ကောင်စီတပ်ဆီက လက်နက်ကောက်နိုင်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ ဝေးဝေးနေပြီး မြို့ပြရဲဘော်တွေကို အကူအညီပေးဖို့ အလေးအနက် တောင်းဆိုထားပါတယ်။

▪︎စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်၊ ကလေးငယ်အပါအဝင် အရပ်သားလေးဦး သေဆုံး

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာ ကလေးငယ်၊ ကိုယ်ဝန်ဆောင် အပါအဝင် အရပ်သားပြည်သူလေးဦးသေဆုံးခဲ့ရတယ်လို့ ကျွန်းလှတက်ကြွလှုပ် ရှားသူများအဖွဲ့က မှတ်တမ်းဓာတ်ပုံတွေနဲ့ ဒီနေ့ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက်က ကောလင်းမြို့နယ်အနောက်ခြမ်း ချောင်းနားတိုက်နယ် သစ်ဆိမ့်ကုန်းရွာကို စစ်ကောင်စီတပ်က ညသန်းခေါင်အချိန် လေကြောင်းကနေ ဗုံးကြဲခဲ့တာဖြစ်ပြီး အသက် (၆)နှစ်ခွဲ ကလေးငယ်၊ ကိုယ်ဝန် (၉)လလွယ် ထားတဲ့ ကိုယ်ဝန်ဆောင်မိခင် အပါအဝင် လေးဦး သေဆုံးခဲ့ကာ တစ်ဦးဒဏ်ရာရခဲ့ပါတယ်။

▪︎ယင်းမာပင်နယ် ထိတွေ့တိုက်ပွဲတွေမှာ ပြည်သူ့ရဲဘော်အချို့ ကျဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ရက်သတ္တပတ် နှစ်ပတ်ကျော်အတွင်း စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတ​ပ်သားများ သေဆုံးထိခိုက်မှုရှိခဲ့သလို ပြည်သူ့ရဲဘော် အချို့လည်း ကျဆုံးခဲ့ရတယ်လို့ အမိမြေတော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ စစ် ကြောင်းတစ်လျှောက် ပြည်သူ့ရဲဘော် ၁၀ ဦးကျော် အသက်ပေးလှူခဲ့ရပြီး ထိပ်တိုက်တိုက်ပွဲ တွေမှာ လက်နက်အင်အား မမျှတာကြောင့်ဖြစ်ခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါ တယ်။

▪︎ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး ကြိုးပမ်းနေတယ်လို့ NUG ဝန်ကြီးချုပ် ထပ်မံကတိပြု

ရိုဟင်ဂျာပြည်သူများ အိမ်ပြန်နိုင်ရေးအတွက် ကောင်းမွန်သင့်တော်တဲ့ အခြေအနေတွေဖန်တီးဖို့ ကြိုးစားနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်က ထပ်မံ ကတိပြုပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်ခံရမှု ၅ နှစ်ပြည့် နှစ်ပတ်လည်နေ့ ထုတ်ပြန်ချက်မှာ NUG ကကတိပြုခဲ့သလို မနေ့က ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေနဲ့ NUG အစိုးရအဖွဲ့တို့တွေ့ဆုံရာမျာလည်း ထပ်မံ ကတိပြုခဲ့ပါတယ်။ ဒီနေ့ ပြုလုပ်တဲ့ ကတ်ဘိနက်အစည်းအဝေးမှာလည်း ရိုဟင်ဂျာအရေးနဲ့ တန်းတူညီမျှမှု၊ လူ့အခွင့်အ ရေးတွေကို NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

ရန်ကုန်မြို့လယ် ကန်တော်ကြီးဂုံးကျော်တံတားမှာ “အသက်ကြွေး၊ ဘဝအကြွေးတွေ ယူထားတာများနေပြီဖြစ်တဲ့ မင်းတို့အမှားတွေအတွက် မင်းတို့အနောက်မှာ ငါတို့တွေ အရိပ်လို အမြဲလိုက်နေမယ်ဆိုတာ မြဲမြဲမှတ်ထားကြ ဘယ်သူ့သွေးက ပိုရဲလဲ။ တရားတဲ့သူတွေသာနိုင်ကြေးဟေ့။ -TRDF” စာသားကို ဒီနေ့မနက်ပိုင်းမှာ ချိတ်ဆွဲဆန္ဒထုတ်​ဖော်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်-​ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ ဒီ​နေ့မနက်ပိုင်းမှာ “Reject Military, Accept NUG” စာသားကို ရေးခြစ်ကိုင်စွဲကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း၊ NUGအစိုးရကိုထောက်ခံကြောင်းချီတက်ဆန္ဒပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ