Connect with us

Hi, what are you looking for?

သတင်း

စရဖနှင့် SNA တပ်၏ယာဥ်ကို ကျော်တက်သည့် ကားဆရာရိုက်နှက်ခံရပြီး သေဆုံး

ရိုက်နှက်ခံရသည့် ကားဆရာကို ဟုမ္မလင်းမြို့နယ် ကုတင်(၁၀၀ )ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သော်လည်း ယနေ့ ၁၂နာရီခွဲတွင် သေဆုံးသွားသည်ဟု ဆိုသည်။

စရဖနှင့် SNA တပ်၏ယာဥ်ကို ကျော်တက်သည့် ကားဆရာရိုက်နှက်ခံရပြီး သေဆုံး
စရဖနှင့် SNA တပ်၏ယာဥ်ကို ကျော်တက်သည့် ကားဆရာရိုက်နှက်ခံရပြီး သေဆုံး

SNAတပ်ဖွဲ့၏ လုပ်ရပ်အပေါ်ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် တာဝန်ခံရမည်ဖြစ်ကြောင်း ဟုမ္မလင်း (ပအဖ)ကြေညာ

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွင် ကားဆရာတစ်ဦးကို ရှမ်းနီလက်နက်ကိုင်တပ်(SNA) တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းရိုက်နှက်၍ ဒဏ်ရာပြင်းထန်စွာရရှိပြီး သေဆုံးသွားကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး SNA၏ လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖော်ပြသည်။

စရဖနှင့် SNA တပ်၏ယာဥ်ကို ကျော်တက်သည့် ကားဆရာရိုက်နှက်ခံရပြီး သေဆုံး
စရဖနှင့် SNA တပ်၏ယာဥ်ကို ကျော်တက်သည့် ကားဆရာရိုက်နှက်ခံရပြီး သေဆုံး

ဩဂုတ် ၂၉ရက် ည ၇နာရီခန့်တွင် ဟုမ္မလင်းမြို့နယ်၊ ဟွေဖလာကျေးရွာမှ နမ့်တောကျေးရွာသို့ ကုဋေတိုးကားအသင်းမှ ကိုလင်းနှင့်ဇနီးတို့ မောင်းနှင်လာသောယာဥ်သည် လမ်းမပေါ် တွင်မောင်းနှင်လျက်ရှိသည့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှ မုတ်ဆိတ်စီးသော ယာဥ်၊ SNAအရာရှိစိုင်းပြူး၏ ယာဥ်နှင့် SNA ရဲဘော်များ စီးသော ယာဥ်တို့ကို ကျော်တက်မိခြင်းနှင့်ပတ်သက်ပြီး ကားဆရာကို ရိုက်နှက်သတ်ဖြတ်ခဲ့ ကြခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ယာဥ်ကျော်တက်သည့်ကိစ္စနှင့်ပတ်သက်ပြီး SNA အဖွဲ့မှသေနတ်နှင့် ပစ်ခတ်ရပ်တန့်ခိုင်းခဲ့ပြီး ကားဆရာကိုလင်းမှ လမ်းဘေးချရပ်ပေးချိန်တွင် SNAတပ်သားများက မင်းမဲ့စရိုက် ဆန်ဆန် ကားမှန်များကိုရိုက်ခွဲပြီး ကားသမားကိုလင်း၏ ဦးခေါင်းကို သေနတ်ဒင်များဖြင့် ဝိုင်းဝန်း ရိုက်နှက်ခဲ့ကြသည်ဟု ဖော်ပြထားသည်။

ရိုက်နှက်ခံရသည့် ကားဆရာကို ဟုမ္မလင်းမြို့နယ် ကုတင်(၁၀၀ )ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သော်လည်း ယနေ့ ၁၂နာရီခွဲတွင် သေဆုံးသွားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုကဲ့သို့ ဒေသခံတိုင်းရင်းသား ပြည်သူလူထုများအပေါ် တရားလက်လွတ် မင်းမဲ့စရိုက်ဆန်စွာ ကျူးလွန်ရမ်းကားနေမှု၊ လူ့အခွင့်အရေးချိုးဖောက်‌နေသည့်လုပ်ရပ်များကို ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချပါကြောင်း ကျူးလွန်ခဲ့သည့်ပြစ်မှုများကို တာဝန်ခံရမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံ ရှမ်းနီပြည်သူ့စစ် SNA က တပ်သားသုံးဦး အလင်းဝင်ပူးပေါင်းလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရ်ိုင်အမှတ် (၃)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အုန်းစံဆိုင်ရွာအနီးက စစ်တပ်လက်အောက်ခံ SNAတပ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ရာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ရဲဘော်တွေ ပါဝင်တိုက်ခိုက်တယ်ဆိုတဲ့ ရေးသားချက်တွေဟာ အတည်ပြုမရကြောင်း SSPP တပ်မှူးတဦးက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။