Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် ဆယ်ဇင်းရွာကို အကြမ်းဖက်စစ်အုပ်စု မီးရှို့ဖျက်ဆီး၊ ရွာလုံးကျွတ် မီးလောင်ပြာကျဟု ဒေသခံပြော

အိမ်ခြေ ၄၀၀ခန့်ရှိသော ဆယ်ဇင်းရွာကို သြဂုတ် ၉ရက်ညနှင့် ယနေ့(သြဂုတ် ၁၀ရက်) နံနက်တွင် စစ်ကောင်စီနှင့် ရှမ်းနီ(SNA) က မီးရှို့ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။

(ဖားကန့်မြို့နယ်ရှိ ဆယ်ဇင်းရွာကို ယခင်က တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(ဖားကန့်မြို့နယ်ရှိ ဆယ်ဇင်းရွာကို ယခင်က တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာကို လေကြောင်းမှ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီနှင့် ရှမ်းနီတပ်(SNA) က ယမန်နေ့ တစ်ညလုံး မီးရှို့ဖျက်ဆီးခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင် ပျက်စီးခဲ့ကြောင်း ဖားကန့်ဒေသခံများက ပြောသည်။

အိမ်ခြေ ၄၀၀ခန့်ရှိသော ဆယ်ဇင်းရွာကို သြဂုတ် ၉ရက်ညနှင့် ယနေ့(သြဂုတ် ၁၀ရက်) နံနက်တွင် စစ်ကောင်စီနှင့် ရှမ်းနီ(SNA) က မီးရှို့ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။

“အိမ်တွေ၊ ဆိုင်ကယ်တွေ အကုန်ရှို့တာ။ တစ်ရွာလုံးလိုလို မီးလောင်သွားတယ်။ ဒီမနက် တိုက်ပွဲဆက်ဖြစ်နေတယ်”ဟု ဆယ်ဇင်းရွာမှ ထွက်ပြေးလာခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။

ဆယ်ဇင်းကျေးရွာအနီးရှိ စစ်ကောင်စီနှင့်ရှမ်းနီစခန်းအချို့ကို KIA နှင့် PDF ပူးပေါင်းတပ်များက သြဂုတ် ၇ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။အရပ်သားများနေထိုင်ရာ ကျေးရွာများကိုပါ လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ယခုအခါ ရွာလုံးကျွတ် မီးရှို့ခြင်းဟု ဖားကန့်ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

” အင်တာနက်ရော ဖုန်းလိုင်းရော မကောင်းတော့ ဆယ်ဇင်းရဲ့ သတင်းတွေက အသေးစိတ် တင်ပြခွင့်မရဘူး။ဘေးကင်းပါစေလို့ ဆုတောင်းပေးရုံက လွဲလို့ ဘာမှ မတတ်နိင်ခဲ့ဘူး”ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

ဆယ်ဇင်းဒေသခံများအားလုံး နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး ထိခိုက်မှုအခြေအနေကို မသိရသေးကြောင်း ဖားကန့်ဒေသခံများက ပြောသည်။

“အခုထိ မီးဆက်လောင်နေတယ်”ဟု ယနေ့ နံနက် ၉နာရီခန့်အခြေအနေကို ဖားကန့်ဒေသခံ တစ်ဦးက ပြောသည်။

ဆယ်ဇင်းကျေးရွာသည် ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲတွင် ပါဝင်ပြီး စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်နှင့် ဥရုချောင်းခြားလျက်တည်ရှိသော ရွာကြီးဖြစ်သည်။

ရွှေတူးဖော်သည့်လုပ်ငန်းများစွာရှ်ိပြီး ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်ရင်း (၂၆) အခြေစိုက်ရာ ကျေးရွာလည်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံရွာကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဒေသခံ အမျိုးသား၁၀ဦးကို ဖမ်းဆီးသွားပြီး အခုအထိ ဖမ်း‌ဆီးခံရသူတွေရဲ့သတင်းအစအန ပျောက်နေတယ်လို့ ဒေသခံတွေ‌က ပြောပါတယ်။