Connect with us

Hi, what are you looking for?

သတင်း

ခြံအမှတ် ပါဝါ (၅၄)ကို ကြားကာလ အမျိုးသားအဆင့်ယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ကြောင်း NUG ကြေညာ

ထို့အတွက် ယင်းခြံဝန်းကို မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ရန်ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန်ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ အခြားနည်း အသုံးချခြင်းများကို တင်းကြပ်စွာတားမြစ်ကြောင်း NUG က ထုတ်ပြန်သည်။

ခြံအမှတ် ပါဝါ (၅၄)ကို ကြားကာလ အမျိုးသားအဆင့်ယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ကြောင်း NUG ကြေညာ

တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် ၅၄-၅၆ ကို ကြားကာလ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့ရာ ကမ္ဘာကျော် ပါဝါ -၅၄ (ခြံအမှတ် ၅၄-၅၆) ခြံဝန်းဧရိယာ ၁.၉၂၃ ဧက နှင့် ယင်းအကျယ် အဝန်းအပေါ်ရှိ ရွှေ့ပြောင်းမရသည့် အဆောက်အအုံအားလုံးကို အမျိုးသားအဆင့် ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ကြေညာခြင်းဖြစ်သည်။

ထို့အတွက် ယင်းခြံဝန်းကို မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ရန်ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန်ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ အခြားနည်း အသုံးချခြင်းများကို တင်းကြပ်စွာတားမြစ်ကြောင်း NUG က ထုတ်ပြန်သည်။

အထက်ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၂၀၁၉)၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ (၁၉၈၇) တို့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့နှင့်အညီ အရေးယူ ဆောင်ရွက်သွားမည့်အပြင် အဆိုပါ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းအား အမည်မည်းစာရင်း (Black List) ထည့်သွင်းသွားမည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ လက်မှတ်ရေးထိုးထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က BTS ရထားလိုင်းပေါ်မှာ ထိုင်းအမျိုးသမီး တစ်ဦးနဲ့ အီတလီ နိုင်ငံသား လူငယ်တစ်စုတို့ကြား အပြန်အလှန် စကားများခဲ့တဲ့ ကိစ္စဟာ လူမှုကွန်ရက်တွေပေါ်မှာ လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။