Connect with us

Hi, what are you looking for?

သတင်း

ခြံအမှတ် ပါဝါ (၅၄)ကို ကြားကာလ အမျိုးသားအဆင့်ယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ကြောင်း NUG ကြေညာ

ထို့အတွက် ယင်းခြံဝန်းကို မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ရန်ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန်ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ အခြားနည်း အသုံးချခြင်းများကို တင်းကြပ်စွာတားမြစ်ကြောင်း NUG က ထုတ်ပြန်သည်။

ခြံအမှတ် ပါဝါ (၅၄)ကို ကြားကာလ အမျိုးသားအဆင့်ယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ကြောင်း NUG ကြေညာ

တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် ၅၄-၅၆ ကို ကြားကာလ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့ရာ ကမ္ဘာကျော် ပါဝါ -၅၄ (ခြံအမှတ် ၅၄-၅၆) ခြံဝန်းဧရိယာ ၁.၉၂၃ ဧက နှင့် ယင်းအကျယ် အဝန်းအပေါ်ရှိ ရွှေ့ပြောင်းမရသည့် အဆောက်အအုံအားလုံးကို အမျိုးသားအဆင့် ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ကြေညာခြင်းဖြစ်သည်။

ထို့အတွက် ယင်းခြံဝန်းကို မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ရန်ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန်ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ အခြားနည်း အသုံးချခြင်းများကို တင်းကြပ်စွာတားမြစ်ကြောင်း NUG က ထုတ်ပြန်သည်။

အထက်ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၂၀၁၉)၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ (၁၉၈၇) တို့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့နှင့်အညီ အရေးယူ ဆောင်ရွက်သွားမည့်အပြင် အဆိုပါ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းအား အမည်မည်းစာရင်း (Black List) ထည့်သွင်းသွားမည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ လက်မှတ်ရေးထိုးထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လက်နက်ကိုင်တပ် ၁၉ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အောက်တိုဘာ ၁၀ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

AA နဲ့အတူ လက်တွဲပြီး စစ်တပ်ကို တွန်းလှန်တိုက်ခိုက်မယ်လို့ အသိပေး

သတင်း

တိုင်းရင်းသားနယ်မြေရှေ့တန်းတစ်နေရာမှာ တာ၀န်ထမ်းဆောင်နေတဲ့ ဂန့်ဂေါစစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြည်သူ့သားကောင်းဆု ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

PRFအပေါ်ပြည်သူတွေရဲယုံကြည်မှုပျက်ပြားစေဖို့နဲ့တော်လှန်ရေးဝင်ငွေလမ်းကြောင်းတွေကိုစစ်တပ်ဖြတ်တောက်ဖို့ကြံစည်တာဖြစ်တယ်လို့ PRF ထုတ်ပြန်

Facebook